ဟူသီစစ်တပ်ပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်ရန် ပင်တဂွန်စစ်ဌာနချုပ် စဉ်းစားနေ

0
226

ပင်လယ်နီတွင် စစ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး သင်္ဘောများကို ပြင်းထန်စွာ တိုက်ခိုက်မှုအပေါ် တုံ့ပြန်သည့်အနေဖြင့် ယီမင်ရှိ Ansar Allah ၏ ဟူသီလက်နက်ကိုင်အဖွဲ့ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို တိုက်ရိုက်တိုက်ခိုက်ရန် အမေရိကန် ကာကွယ်ရေးဌာနက စဉ်းစားနေကြောင်း သိရသည်။

ဟူသီများသည် အစ္စရေးသို့ ကုန်သွယ်မှုကို လျှော့ချရန်နှင့် ဂျူးနိုင်ငံအား ထောက်ပံ့မှုအတွက် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များအနေဖြင့် စရိတ်စက တိုးမြင့်လာစေရန်ကိုဦးတည်၍ ကမ္ဘာလုံးဆိုင်ရာ ရေကြောင်းကုန်သွယ်မှုကို ပျက်ပြားစေရန်ကိုပါ ကြိုးပမ်းနေကြောင်း သမ္မတဘိုင်ဒင်အစိုးရ၏ အုပ်ချုပ်ရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။

အီရန်အပေါ် ပိုမိုကျယ်ပြန့်စစ်ရှိန်မြှင့်လာမည်ကို ကြောက်ရွံ့မှုအား ဆန့်ကျင်သည့်အနေဖြင့် အမေရိကန် တာဝန်ရှိသူများက ဟူသီတို့ကို တိုက်ခိုက်ရန် ချိန်ဆနေသည်ဟု သူတို့ကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here