Flower Dreamland Flower Festival ပွဲတော်တွင် ပန်းမျိုးစိတ်ပေါင်း (၄၀) ပြသ

0
304

(၁၆) ကြိမ်မြောက် ပန်းပွဲတော်(Flower Dreamland Flower Festival)ပွဲတော်ကို ပြင်ဦးလွင်မြို့ ၊ အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် ကျင်းပပြုလုပ်လျက်ရှိရာ၊ ပြည်တွင်းပြည်ပမှ ပန်းမျိူးစိတ်ပေါင်း (၄၀)ကို ပြသပေးလျှက်ရှိကြောင်း အဆိုပါ ပန်းပွဲတော်ပြပွဲကော်မတီထံ က သိရသည်။

ပန်းပွဲတော်ကို ယမန်နေ့ ဒီဇင်ဘာလ (၁၆) ရက်မှ ဇန်နဝါရီလ (၁၄) ရက်နေ့အထိ ခင်းကျင်း ကျင်းပသွားမည်ဖြစ်ပြီး၊ ပန်းမျိုးစိတ် (၄၀)အား အရေအတွက် (၂၀၀, ၀၀၀)ကျော် ပြကွက်အသီးသီးဖြင့် စိုက်ပျိုးပြသသွားမည်ဖြစ်သည်။

ထို့အပြင် လာရောက်လည်ပတ်သောဧည့်သည်များ အပန်းဖြေနိုင်ရန် နေ့စဉ်ဖျော်ဖြေရေးအစီအစဉ်များကိုလည်း ထည့်သွင်းထားပြီး ဈေးပွဲတော်နှင့် ကုန်စည်ပြပွဲလည်း ပါဝင်ကြောင်း သိရသည်။

ပန်းပွဲတော်အတွက် အမျိုးသားကန်တော်ကြီးဥယျာဉ်၊ ပန်းပွဲတော်ပြပွဲကော်မတီက
“ဆောင်းတွင်းအေးအေး မြူခိုးဖွေးဖွေး အကြား အိပ်မက်ဆန်ဆန် ဆန်းပြားလှပတဲ့ ပန်းကလေးတွေကို ကြည့်ရှုခံစားရင်း တေးသီချင်းလေးတွေနားထောင်မယ့် တေးချစ်သူ သီချင်းချစ်သူများကို လှမ်းလာဖို့ ဖိတ်ခေါ်လိုက်ပါရစေ”ဟု ရေးသားဖိတ်ခေါ်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here