Saturday, December 21, 2024

စားအုန်းဆီကို သတ်မှတ်နှုန်းထားထက် ဈေးတင်ပြီး မရောင်းချရန်...

စားအုန်းဆီကို ရည်ညွှန်းဈေးထက် (၂) ရာခိုင်နှုန်းသာ အမြတ်တင်ရောင်းချရန်နှင့် ဝေးလံသောဒေသများတွင် အဆင့်ဆင့်အမြတ်တင်မှု (၁၀) ရာခိုင်နှုန်းထက် မပိုသောဈေးနှုန်းဖြင့်သာ ရောင်းချရန် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း...

ဂျာမနီတွင်လူအုပ်အတွင်း ကားနှင့်ဝင်တို-က်, လူနှစ်ဦးထက်မနည်း ‌ေ-သဆုံး

ဂျာမနီနိုင်ငံအလယ်ပိုင်း Saxony-Anhalt ပြည်နယ်မြို့တော် မက်ဒီဘတ်ရှိ ခရစ္စမတ်ဈေးပွဲ၌ လူအုပ်အတွင်းကို ကားနှင့်ဝင်တို-က်ခဲ့မှုကြောင့် လူနှစ်ဦးထက်မနည်း‌ေ-သဆုံးကာ ၆၈ ဦးဒဏ်ရာရရှိခဲ့သည်။ သောကြာနေ့ညပိုင်းက ယင်းဖြစ်ရပ်သည် ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုဖြစ်ပြီး ယာဉ်မောင်းဖြစ်သူကို...

ပင်လောင်းမြို့ရှိ လာဗန်ဒါ (lavender) ပန်းခင်းကို...

ထိုင်းနိုင်ငံမှ စမ်းသပ်စိုက်ပျိုးထားသည့် ပင်လောင်းမြို့ရှိ လာဗန်ဒါ (lavender) ပန်းခင်းကို ခရီးသွားများ နေ့စဉ် လာရောက်လည်ပတ်သူများရှိနေကြောင်း သိရသည်။ “ပိတ်ရက်ဆို လူပိုများပါတယ်။ နေ့စဉ် လူရာနဲ့ချီ...

ရွှေ့ပြောင်းနိုင်သောပစ္စည်းကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာဥပဒေ(မူကြမ်း) ပြဌာန်းနိုင်ရေး...

မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းနိုင်သော ပစ္စည်းကို အာမခံထား၍ငွေချေးနိုင်သည့် ဥပဒေအခြေခံတစ်ရပ်ရှိစေရန်အတွက် ဥပဒေ(မူကြမ်း) ပြဌာန်းနိုင်ရေးကို စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက က‌ပြောသည်။ ရွှေ့ပြောင်းနိုင်သောပစ္စည်းကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာဥပဒေ...
HomeInternationalပင်လယ်နီမှာ တိုက်ခိုက်ရေး ဒရုန်း...

ပင်လယ်နီမှာ တိုက်ခိုက်ရေး ဒရုန်း ၁၅ စင်းကို အမေရိကန်နဲ့ ဗြိတိန်ရေတပ်တွေက ပစ်ချခဲ့

အမေရိကန် စစ်သင်္ဘောတစ်စင်းဟာ ဒီဇင်ဘာ ၁၆ ရက်က ပင်လယ်နီဝေဟင်မှာ တိုက်ခိုက်ရေး ဒရုန်း ၁၄ စင်းကို ပစ်ချခဲ့သလို ဗြိတိန်တော်ဝင်ရေတပ် ဖျက်သင်္ဘောတစ်စင်းက အခြား ဒရုန်းတစ်စင်းကို ပစ်ချခဲ့တယ်လို့ အမေရိကန်နဲ့ ဗြိတိသျှစစ်တပ်တွေက ပြောဆိုပါတယ်။ ဒီဒရုန်းတွေဟာ ပင်လယ်ရေကြောင်း ကုန်သွယ်သင်္ဘောတွေကို ပစ်မှတ်ထားနေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ယီမင်နိုင်ငံရှိ ဟူသီသူပုန်အဖွဲ့ဟာ ကမ္ဘာ့ ကုန်တင်သင်္ဘောဖြတ်သန်းမှုအများဆုံး ရေလမ်းကြောင်းတွေထဲက တစ်ခုဖြစ်တဲ့ ပင်လယ်နီရေပြင်မှာ ကုန်သွယ်သင်္ဘောတွေကို တိုက်ခိုက်မှု တသီတတန်းလုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ၎င်းတို့ဟာ ဒရုန်းတွေ၊ ဒုံးကျည်တွေသုံးကာ အစ္စရေးကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် အစ္စရေး-ဟားမတ်စ်ပွဲ နယ်ကျယ်လာနိုင်ခြေအတွက် စိုးရိမ်ရမှုတွေဖြစ်စေခဲ့ပါတယ်။

ဖျက်သင်္ဘော USS Carney ဟာ ယီမင်ရှိ ဟူသီထိန်းချုပ်ရာနယ်မြေတွေကနေ ပစ်လွှတ်လိုက်တဲ့ လူမဲ့ဒရုန်း ၁၄ စင်းကို အောင်မြင်စွာ ချိတ်ဆက်ချေမှုန်းနိုင်ခဲ့တယ်လို့ အမေရိကန် စစ်ဆင်ရေးဗဟိုဋ္ဌာနချုပ်က ပြောဆိုခဲ့ပါတယ်။ အခင်းဖြစ် ဧရိယာမှာ သင်္ဘောတွေ ထိခိုက်ခဲ့ခြင်းနဲ့လူထိခိုက်ဒဏ်ရာရခြင်းမျိုး မရှိဘဲ ဒရုန်းတွေကို ပစ်ချနိုင်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

တဖန် ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂရန့်ရှိပ်စ်ကလည်း တော်ဝင်ရေတပ်သင်္ဘော HMS Diamond ဟာ ကုန်တင်သင်္ဘောကို ပစ်မှတ်ထားနေတဲ့ ဒရုန်းတစ်စင်းကို Sea Viper ဒုံးကျည်တစ်စင်းနဲ့ ပစ်ချဖျက်ဆီးခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဟူသီသူပုန်တွေက ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးလမ်းကြောင်းရှိ ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်တာဟာ နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးနဲ့ ရေကြောင်းလုံခြုံမှုအပေါ် တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်တယ်လို့ ရှိပ်စ်က ပြောဆိုပါတယ်။ ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်စွာ ကုန်သွယ်စီးဆင်းမှုကို ကာကွယ်ရန်အတွက် ယင်းကဲ့သို့ တိုက်ခိုက်မှုတွေကို တွန်းလှန်ချေဖျက်ရေး ဗြိတိန်က ကတိကဝတ်ပြုထားဆဲဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ၎င်းက ပြောဆိုခဲ့ပါတယ်။

HMS Diamond ဖျက်သင်္ဘောကို လွန်ခဲ့တဲ့နှစ်ပတ်က ယင်းရေပြင်သို့ စေလွှတ်ထားခြင်းဖြစ်ပြီး အမေရိကန်၊ ပြင်သစ်နဲ့ အခြားနိုင်ငံများမှ စစ်သင်္ဘောတွေနဲ့အတူ တားဆီးကာကွယ်မှုတွေလုပ်ဆောင်နေကြောင်း သိရပါတယ်။

အစ္စရေး-ဟားမတ်စ် စစ်ပွဲဖြစ်ပွားနေမှုအတွင်း ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်သင်္ဘောတွေဟာ အီရန်ကျောထောက်နောက်ခံ ဟူသီသူပုန်တို့ရဲ့ ပစ်မှတ်တစ်ခုဖြစ်လာခဲ့ပါတယ်။

Ref: Indian Express

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စားအုန်းဆီကို သတ်မှတ်နှုန်းထားထက် ဈေးတင်ပြီး မရောင်းချရန် ဆီအသင်း ဥက္ကဋ္ဌတိုက်တွန်း

စားအုန်းဆီကို ရည်ညွှန်းဈေးထက် (၂) ရာခိုင်နှုန်းသာ အမြတ်တင်ရောင်းချရန်နှင့် ဝေးလံသောဒေသများတွင် အဆင့်ဆင့်အမြတ်တင်မှု (၁၀) ရာခိုင်နှုန်းထက် မပိုသောဈေးနှုန်းဖြင့်သာ ရောင်းချရန် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း (MEODA) ဥက္ကဋ္ဌ ဦးဆန်းလင်းက တိုက်တွန်းပြောကြားခဲ့သည်။ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ (၃၂) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော် အစိုးရအနေဖြင့် ဒေါ်လာရရှိအောင် ဆောင်ရွက်ပေးထားပြီးဖြစ်၍ ဈေးတင်မရောင်းချရန်နှင့် လက်ရှိအချိန်တွင် ပြည်ပမှတင်သွင်းသည့် စားသုံးဆီများ ပင်လယ်ဝကိုရောက်သည်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လိုင်စင်ထုတ်ပေးနေပြီး လိုင်စင်ထုတ်ပေးသည့်ပမာဏ၏ (၃၅) ရာခိုင်နှုန်းအတွက် တစ်ဒေါ်လာ (၂၁၀၀)...

ဂျာမနီတွင်လူအုပ်အတွင်း ကားနှင့်ဝင်တို-က်, လူနှစ်ဦးထက်မနည်း ‌ေ-သဆုံး

ဂျာမနီနိုင်ငံအလယ်ပိုင်း Saxony-Anhalt ပြည်နယ်မြို့တော် မက်ဒီဘတ်ရှိ ခရစ္စမတ်ဈေးပွဲ၌ လူအုပ်အတွင်းကို ကားနှင့်ဝင်တို-က်ခဲ့မှုကြောင့် လူနှစ်ဦးထက်မနည်း‌ေ-သဆုံးကာ ၆၈ ဦးဒဏ်ရာရရှိခဲ့သည်။ သောကြာနေ့ညပိုင်းက ယင်းဖြစ်ရပ်သည် ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုဖြစ်ပြီး ယာဉ်မောင်းဖြစ်သူကို အခင်းဖြစ်နေရာတွင် ဖမ်းဆီးရမိခဲ့ကြောင်းနှင့် စုံစမ်းစစ်ဆေးမှုလုပ်နေကြောင်း တာဝန်ရှိသူများက ပြောဆိုခဲ့သည်။ အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် ချက်ချင်းဆိုသကဲ့သို့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz အပါအဝင် လူအများက ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ ဝန်ကြီးချုပ်သည် စနေနေ့တွင် အခင်းဖြစ်နေရာကို သွားရောက်ကြည့်ရှုမည်ဟုလည်း သူ၏ ရုံးက ပြောဆိုခဲ့သည်။ “မက်ဒီဘတ်မှ သတင်းပေးပို့ချက်တွေအရ ကြောက်လန့်စရာအရာတစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်၊ ‌ေ-သဆုံးဒဏ်ရာရခဲ့သူတွေ၊ သူတို့မိသားစုဝင်တွေနဲ့ထပ်တူ ခံစားရပါတယ်”...

ပင်လောင်းမြို့ရှိ လာဗန်ဒါ (lavender) ပန်းခင်းကို လာရောက်လည်ပတ်သူ များပြားလာ

ထိုင်းနိုင်ငံမှ စမ်းသပ်စိုက်ပျိုးထားသည့် ပင်လောင်းမြို့ရှိ လာဗန်ဒါ (lavender) ပန်းခင်းကို ခရီးသွားများ နေ့စဉ် လာရောက်လည်ပတ်သူများရှိနေကြောင်း သိရသည်။ “ပိတ်ရက်ဆို လူပိုများပါတယ်။ နေ့စဉ် လူရာနဲ့ချီ လာရောက် လည်ပတ် ဓာတ်ပုံရိုက်ကြတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ယင်းပန်းခင်းသည် လက်ရှိတွင် စမ်းသပ်စိုက်ပျိုးထားဆဲသာဖြစ်သောကြောင့် ဝင်ကြေးသတ်မှတ်ထားခြင်း မရှိသေးကြောင်းလည်း ၎င်းက ဆိုသည်။ အဆိုပါ လာဗန်ဒါ ပန်းခင်းကို တောင်ကြီးဘက်မှ လာရောက်မည်ဆိုပါက ပင်လောင်း မြို့နယ်၊ နောင်တရားမြို့တောင်ဘက်၊ ဉာဏ်ပင်ရွာအနောက်ဘက်လမ်းမှ ဆယ်မိနစ်ခန့် မောင်းရမည်ဖြစ်ကာ ဘုရားဖြူရွာသို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ ကလောဘက်မှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071