တရားမဝင် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်မှု မရှိစေရေးလုပ်​ဆောင်နေကြောင်း ကုန်သေတ္တာတင် မော်တော်ယာဥ်အသင်း ဥက္ကဋ္ဌပြော

0
1169

မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်လုပ်ငန်းရှင်များအသင်းအနေဖြင့် တရားမဝင် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်မှု မရှိစေရေးအတွက် ပါဝင်ဆောင်ရွက်နေကြောင်း အသင်းဥက္ကဋ္ဌ ဦးစိုးနိုင်က ပြောသည်။

မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်လုပ်ငန်းရှင်များအသင်း၏ (၁၀) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးတွင် ၎င်းကအထက်ပါ အတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“တရားမဝင် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေး မရှိစေရေးအတွက် ပါဝင်ဆောင်ရွက်ပေးခြင်း၊အသင်းအနေဖြင့် လုပ်ငန်းတူများ အသင်းဝင်ဖြစ်ရေးကိုလည်း ကြိုဆို ဖိတ်ခေါ်ပါတယ်။ နယ်စပ်ဒေသတွေမှာလည်း ကုန်စည်ဝန်ဆောင်မှုများ ဆောင်ရွက်နိုင်ရန် ကုန်သေတ္တာ အသင်းခွဲများဖွင့်လှစ်နိုင်ရေးကို ဆောင်ရွက်လျက်ရှိပြီးတော့ အသင်းသူအသင်းသား ပူးပေါင်းဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်လိုပါတယ်”ဟုဦးစိုးနိုင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်လုပ်ငန်းရှင်များအသင်းကို ၂၀၀၉ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီးလက်ရှိတွင် အသင်းဝင်များနှင့် ကားအစီးရေ ၂,၀၀၀ ကျော်တို့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

” ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဖြန့်ဖြူးမှု၊ ဝန်ဆောင်မှုအပြင် သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းများနှင့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန် မြန်ဆန်စေရေးအတွက် အရေးပါတဲ့ အသင်းတစ်သင်း ဖြစ်နေပြီး လုပ်ငန်းကဏ္ဍအလိုက်၊ နယ်ပယ်အလိုက် ဖွဲ့စည်းထားသည့် ညီနောင်အသင်းများ၏ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်၊ အသင်းအနေဖြင့် အားသာချက်၊ အားနည်းချက်များကိုလေ့လာ သုံးသပ်၍ နိုင်ငံတော်အကျိုး၊ အသင်းသူ၊ အသင်းသားများ အကျိုးကို ပိုမိုကြိုးပမ်းဆောင်ရွက်သွားစေလိုပါတယ်” ဟု ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးဆန်းလင်းကတိုက်တွန်း​ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here