မြန်မာလုပ်သားများ၏ ပုံရိပ်မကျဆင်းစေရေး တားမြစ်ပစ္စည်းများ သယ်ဆောင်ခြင်းမပြုကြရန် ထပ်မံအသိပေး

0
408

ကိုရီးယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် EPS လုပ်သားများအနေဖြင့် မြန်မာလုပ်သားများ၏ ပုံရိပ်မကျဆင်းစေရေး တားမြစ်ပစ္စည်းများ သယ်ဆောင်ခြင်းမပြုကြရန် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ ထပ်မံအသိပေးထားသည်။

ကိုရီးယား သမ္မတနိုင်ငံသို့ ဝင်ရောက်မည့် EPS လုပ်သားများအား အင်ချွန်းလေဆိပ်၏ တားမြစ်ပစ္စည်းများကို သယ်ဆောင်ခြင်းမပြုရန် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ အကြိမ်ကြိမ် အသိပေးထားသော်လည်း ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် ဝင်ရောက်သည့် re-entry လုပ်သားအချို့သည် အင်ချွန်းလေဆိပ်အဝင် တားမြစ်ပစ္စည်းများကိုသယ်ဆောင်လာသည်ကိုတွေ့ရှိခဲ့ရကြောင်း သိရသည်။

ယင်းကဲ့သို့ သယ်ဆောင်လာသဖြင့် လေဆိပ်၌ ပစ္စည်းများ သိမ်းဆည်းခံရခြင်းနှင့် ဒဏ်ငွေပေးဆောင်ရခြင်းကိစ္စရပ်များ ဖြစ်ပေါ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် မြန်မာလုပ်သားများ၏ ပုံရိပ် မကျဆင်းစေရေးနှင့် ကိုရီးယားသမ္မတနိုင်ငံသို့ ဝင်ရောက်မည့် လုပ်သားများ အဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်ရေးအတွက် လေဆိပ်၏ တားမြစ်ပစ္စည်းများကို သယ်ဆောင်ခြင်းမပြုကြရန် ထပ်မံ အသိပေးထားခြင်း ဖြစ်သည်။

တောင်ကိုရီးယားမှ တားမြစ်ထားသည့်ပစ္စည်းများကို သယ်ဆောင်ပါက အနည်းဆုံး ဝမ် ၃ သန်းမှ ၅ သန်းအထိ ဒဏ်ကြေးငွေ ပေးဆောင်ရခြင်းနှင့် ပြည်ဝင်ခွင့်မပြုခြင်းစသည့် ပြစ်ဒဏ်များ ချမှတ်ခံရနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here