ပဲ့ထိန်းဒုံးကျည်ဟု ယူဆရသည့် ဒုံးကျည်တစ်စင်း မြောက်ကိုရီးယား ပစ်လွှတ်ဟု ဂျပန်ကမ်းခြေစောင့်တပ်ဆို

0
256

မြောက်ကိုရီးယားသည် ယနေ့နံနက်အစောပိုင်းတွင် ပဲ့ထိန်းဒုံးကျည်ဟု ယူဆရသည့် ဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်က သတင်းထုတ်ပြန်သည်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ အဆိုပါ ဒုံးကျည်သည် ပစ်လွှတ်ပြီး ၁၂ မိနစ်ကျော်ကြာသည်အထိ ခရီးနှင်ခဲ့ကြောင်း NHK သတင်းဌာနက ရေးသားဖော်ပြသည်။ တောင်ကိုရီးယား အမျိုးသားလုံခြုံရေးရုံး၏ လက်ထောက်အကြီးအကဲ Kim Tae-hyo က မြောက်ကိုရီးယားသည် ဒီဇင်ဘာလအတွင်းတွင် တိုက်ချင်းပစ်ဒုံးပျံတစ်စင်းကို ပစ်လွှတ်ကောင်း ပစ်လွှတ်နိုင်သည်ဟုလည်း ယခင်က ပြောကြားခဲ့ဖူးသည်။

ယခုဒုံးကျည်သည် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဒုတိယအကြိမ် လွှတ်တင်ခြင်းဖြစ်သည်။ တနင်္လာနေ့ညနေပိုင်းတွင် ပြုံယမ်းသည် ဂျပန်ဘက်မှ အမြင့်ဆုံး အမြင့်ပေ ၅၀ ကီလိုမီတာ အကွာအဝေး ကီလိုမီတာ ၄၀၀ ခန့် အကွာအဝေးသို့ ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ပြီး ဂျပန် သီးသန့်စီးပွားရေးဇုန်ကို ကျော်လွန်၍ ကိုရီးယားကျွန်းဆွယ်အရှေ့ဘက် ဂျပန်ပင်လယ်ထဲသို့ ကျရောက်ခဲ့သည်။

၂၀၂၃ ခုနှစ်အတွင်းတွင် မြောက်ကိုရီးယားသည် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များ အပါအဝင် ဒုံးကျည် စုစုပေါင်း အစင်း ၂၀ ခန့် ပစ်လွှတ်ခဲ့သည်။ မြောက်ကိုရီးယားသည် ၎င်း၏ ပထမဆုံး သူလျှိုဂြိုလ်တုကိုလည်း ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက်က လွှတ်တင်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here