ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် (၁၂၉/၇) အနီးတွင် (၁၂) ဘီး ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွား

0
362

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် (၁၂၉/၇) အနီးတွင် (၁၂) ဘီး ယာဉ် (၁)စီး မီးလောင်မှုဖြစ်ပွားကြောင်း ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ သိရသည်။

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၊ (၁၂၉/၇)မိုင်အနီးတွင် ယနေ့ ဒီဇင်ဘာ (၁၈) ရက်၊ နံနက် (၁) နာရီခွဲ အချိန်ခန့်က ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာသည့် (၁၂)ဘီး ယာဉ်တစ်စီးမှာ ယာဉ်မောင်း အိပ်ငိုက်ကာ အရှိန်းမထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ အပင်အား ဝင်ရောက်ပွတ်တိုက်မိကာ မီး လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကားမီးလောင်မှု သတင်းအရ ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ (၁) နာရီ နီးပါးခန့် ငြှိမ်းသတ်ခဲ့ရပြီး နံနက် (၂) နာရီ၊ (၂၀)မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်းနှင့် ယာဉ်ပေါ်မှ ယာဉ်မောင်းပါ အမျိုးသား (၂)ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here