လန်ချန်း – မဲခေါင်မြစ်ဝှမ်းဒေသတွင် နို့စားနွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများ အဆင့်မြှင့် သွားမည်

0
233

မြန်မာနိုင်ငံ အပါအဝင် လန်ချန်း – မဲခေါင် မြစ်ဝှမ်းဒေသအတွင်းရှိ  တရုတ်၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံများမှ နို့စားနွားမွေးမြူရေး၊ နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများကို အဆင့်မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံနို့လုပ်ငန်းအသင်းမှ သိရသည်။

အဆိုပါ စီမံကိန်းကို လာမည့် ၂၀၂၄ ခုနှစ်တွင် လန်ချန်း – မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် ထိုင်းနိုင်ငံ Khon Kaen တက္ကသိုလ်က အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းအရ သက်ဆိုင်ရာနိုင်ငံများမှ မွေးမြူရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ နို့စားနွားမွေးမြူသူများ၊ နို့ နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်သူများအား နည်းပညာသင်တန်းများ ပို့ချပေးခြင်း၊ နည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း၊ မဲခေါင် – လန်ချန်းဒေသတွင်း နိုင်ငံများတွင် နို့စားနွားမွေးမြူရေး၊ နို့နှင့် နို့ထွက် ပစ္စည်းထုတ်လုပ်ရေးဆိုင်ရာကွန်ရက်ဖွဲ့စည်း တည်ထောင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းများနှင့်အလုပ်ရုံဆွေးနွေးပွဲများကို ၂၀၂၄ ခုနှစ် မေလတွင် စတင်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ သင်တန်းသားများ စေလွှတ်နိုင်ရေးအတွက်  မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံနို့လုပ်ငန်း အသင်းတို့က သက်ဆိုင်ရာအဖွဲ့အစည်းများသို့ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်လျက်ရှိ​နေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here