မုံရွာမြို့ သလ္လာဝတီဇက်ဆိပ်တွင် ကုန်တင်အမြန်ရေယာဉ် တစ်စီး အင်ဂျင်ခန်း မီးလောင်မှုဖြစ်ပွား

0
139

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သလ္လာဝတီရပ်ကွက်၊ သလ္လာဝတီဇက်ဆိပ်တွင် ကုန်တင်အမြန်ရေယာဉ် အင်ဂျင်ခန်း မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မုံရွာခရိုင်/မြို့နယ် မီးသတ်စခန်းမှ သိရသည်။ 

မုံရွာမြို့၊ သလ္လာဝတီရပ်ကွက်၊ သလ္လာဝတီဇက်ဆိပ်တွင် ဒီဇင်ဘာ (၁၈) ရက် နေ့လယ် (၁)နာရီ (၆)မိနစ်အချိန်ခန့်က ကုန်တင်အမြန်ရေယာဉ် တစ်စီး၏ အင်ဂျင်ခန်း မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ပြီး မုံရွာခရိုင်/မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၃) စီး၊ ရေသယ်ယာဉ် (၃)စီး၊ ကမ်းနားမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် (၄)စီး၊ ရေသယ်ယာဉ် (၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။ 

ထိုသို့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နေ့လယ် (၁)နာရီ (၃၀)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီး‌လောင်ကျွမ်းမှုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here