ဂျပန်နှင့်အာဆီယံတို့ ရေကြောင်းလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်သဘောတူခဲ့ကြ

0
185

တိုကျို၊ဒီဇင်ဘာ ၁၇

ဒေသတွင်း၌တရုတ်နိုင်ငံ၏ ခိုင်မာအားကောင်းလာမှုကိုရင်ဆိုင်နေရသောကြောင့် “ရေကြောင်းလုံခြုံရေး” ပူးပေါင်းဆောင်ရွက်မှုအားမြှင့်တင်ရန် အရှေ့တောင်အာရှနှင့် ဂျပန်ခေါင်းဆောင်များက တနင်္ဂနွေနေ့၊ဒီဇင်ဘာ ၁၇ ရက်တွင် သဘောတူညီခဲ့ကြ‌ကြောင်းသိရသည်။

တရုတ်သည် အရေးပါသောကုန်သွယ်ရေးစင်္ကြံတစ်ခုဖြစ်သည့် တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းပိုင်နက်ဖြစ်ကြောင်း ပေကျင်းက ပြောကြားထားပြီး အဆိုပါတောင်းဆိုမှုများကို ခိုင်မာ​စေရန်အငြင်းပွားနယ်မြေများအတွင်း ၎င်း၏ရေယာဉ်များကို တိုးမြှင့်ချထားခြင်းက ဒေသတွင်းသာမက ဝါရှင်တန်ကိုပါအနှောင့် အယှက်ဖြစ်စေခဲ့သည်ဟုလည်းသိရသည်။

တရုတ်နှင့် နယ်မြေပိုင်ဆိုင်မှုအပါအဝင် အခြားအငြင်းပွားမှုများရှိနေသည့် အမေရိက၏မဟာမိတ်ဂျပန်သည်လည်း ကာကွယ်ရေးအသုံးစရိတ်ကိုတိုးမြှင့်ကာ အာရှ – ပစိဖိတ်ဒေသတစ်ဝန်းရှိနိုင်ငံများနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကိုတိုးချဲ့လျက်ရှိသည်ကိုတွေ့ရသည်။

ဂျပန်သည် မလေးရှားနိုင်ငံနှင့်ဆက်ဆံရေးကိုလည်း ပိုမိုနက်ရှိုင်းစေမည်ဖြစ်ပြီး “သတိပေးခြင်းနှင့်စောင့်ကြည့်ခြင်း” ဆိုင်ရာစက်ပစ္စည်းများအတွက် ယန်း သန်း ၄၀၀ (ကန်ဒေါ်လာ ၂ ဒသမ ၈ သန်း) ကိုထောက်ပံ့ပေးမည်ဖြစ်ကြောင်း စနေနေ့ကကြေညာခဲ့သည်။

ဖိလစ်ပိုင်အတွက်လည်း ကမ်းရိုးတန်းစောင့်ရေယာဉ်များဝယ်ယူရန်နှင့် ရေဒါစနစ်ကိုထောက်ပံ့ရန် ပြီးခဲ့သည့်လက ဂျပန်နိုင်ငံနှင့်သဘောတူခဲ့ပြီး နှစ်နိုင်ငံတပ်ချင်းဖလှယ်ပြီးတပ်ဖြန့်ထားခွင့်ပြုရန်လည်း ဆွေးနွေးလျက်ရှိကြောင်းသိရသည်။

Source : အေအက်ဖ်ပီ/အက်ဖ်အိတ်ခ်ျ


LEAVE A REPLY

Please enter your comment!
Please enter your name here