MNLလိဂ် ချန်ပီယံဆု ရှမ်းယူနိုက်တက် ဆက်လက် ကာကွယ်နိုင်ခဲ့

0
233

မြန်မာနေရှင်နယ်လိဂ် ရာသီနောက်ဆုံးပွဲစဉ်ကို ယနေ့ ဒီဇင်ဘာ (၁၈)ရက် ညနေ (၄)နာရီတွင် ရန်ကုန်ယူနိုက်တက် နှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ၊ ချန်ပီယံဆုကို ရှမ်းယူနိုက်တက်အသင်းက ဆက်လက် ကာကွယ်နိုင်ခဲ့သည်။

ယနေ့ပွဲစဉ်တွင် အသင်း နှစ်သင်းအနေ
ဖြင့် ပွဲစဥ်ပြီးဆုံးချိန်အထိ ရလာဒ်သရေဖြင့် ဂိုးမသွင်းနိုင်ကြဘဲ ပြီးဆုံးခဲ့ခြင်းဖြစ်သည်။

ယင်းအတွက် ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ယခု ၂၀၂၃ခုနှစ် (၁၄) ကြိမ်မြောက် မြန်မာ‌နေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆုကို ရမှတ်(၆၀)ဖြင့် လေးနှစ်ဆက်တိုက် ကာကွယ်ထိန်းသိမ်းထားနိုင်ခဲ့သည်။

ရှမ်းယူနိုက်တက်အသင်း ကစားသမား ရတ်ရှာဘယ်လ်လိုသည် မြန်မာနေရှင်နယ်လိဂ် ပွဲ့စဉ်တစ်လျှောက် (၁၃)ဂိုးအထိဂိုးအများဆုံး သွင်းယူထားသူတစ်ဦးဖြစ်လည်းဖြစ်ခဲ့သည်။

ယနေ့တွင် ရှမ်းယူနိုက်တက်အသင်းက ကျော်ဇင်ဖြိုး၊ ဇွဲခန့်မင်း၊ ဟိန်းသီဟဇော်၊ ရဲမင်းသူ၊ နန္ဒကျော် ၊ မိုတို ၊ ကျော်ဇင်လွင် ၊ ဇင်ဖြိုးအောင်၊ ဘယ်လ်လို၊ မက်စကီနှင့် ရဲရင့်အောင်တို့က ပွဲထွက်ကစားခဲ့ကြသည်။

ရန်ကုန်ယူနိုက်တက်အသင်းဘက်မှ ဘုန်းသစ္စာမင်း၊ ဇော်ရဲထွန်း၊ ဟိန်းဇေယျာလင်း၊ သူရိန်စိုး၊ ဇာနည်ထက်၊ ဒေးဗစ်ထန်၊ လှိုင်ဘိုဘို၊ တာရာဝင်းထက်၊ ရန်နိုင်ဦး၊ လမင်းထွေးနှင့် ရန်ကျော်ထွေးတို့က ပွဲထွက် ကစားခဲ့ကြခြင်းဖြစ်သည်။

ယခုပွဲစဉ်သည် နောက်ဆုံးရာသီပိတ်ပွဲစဉ်တစ်ခုလည်းဖြစ်ပြီး၊ ရန်ကုန်မြို့ သုဝဏ္ဏကွင်းအတွင်း ယှဉ်ပြိုင်ကစားကြရာ၊
ကွင်းဝင်ကြေးအခမဲ့ သတ်မှတ်ထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here