တပ်မတော် ဆေးတက္ကသိုလ်သင်တန်းဆင်းပွဲတွင်ဗိုလ်လောင်းများအားနိုင်ငံတော်နှင့် တပ်မတော်က အားထားရမည့် ဆေးမှူးများဖြစ်လာအောင် ကြိုးစားကြရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မှာကြား

0
300

တပ်မတော်သည် ခေတ်အဆက်ဆက် ပြည်သူနှင့်ပတ်သက်လာပါက “ပြည်သူသာအမိ၊ ပြည်သူသာအဖ” ဆိုသည့်ဆောင်ပုဒ်ကို ဦးထိပ်ထား ဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ရန်ကုန်မြို့ရှိ တပ်မတော် ဆေးတက္ကသိုလ်တွင် ယနေ့ဒီဇင်ဘာ (၁၈) ရက် နံနက်ပိုင်းက ကျင်းပသည့် အမှတ်စဉ် (၂၄) ဗိုလ်လောင်းသင်တန်းဆင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သ ည်။

ထို့အပြင် “တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်” ဟူသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကို မဖော က်မပြန် ခိုင်ခိုင်မာမာဖြင့်ရပ်တည်နေသည့် အဖွဲ့အစည်းဖြစ်ကြောင်းလည်း ၄င်းကထည့်သွင်းပြောကြားခဲ့သည်။

လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပေါက်ဖွားလာသည့် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့သည် (၇၅)နှစ်မြောက် စိန်ရတု တိုင်ခဲ့ပြီဖြစ်ပြီး ခေတ်အဆက်ဆက် ကောင်းမြတ်သည့် အစဉ်အလာများကို လက်ဆင့်ကမ်းထိန်းသိမ်းလာသည့် ဆေးဝန်ထမ်းတပ်ဖွဲ့သည် နိုင်ငံ့ အကျိုး၊ ပြည်သူ့အကျိုး၊ တပ်မတော်အကျိုးကို သယ်ပိုးထမ်းရွက်လာခဲ့သည်မှာ ယနေ့ထိ တိုင်ပင် ဖြစ်ကြောင်းလည်း သင်တန်းဆင်း ဗိုလ်လောင်းများကို ပြောကြားခဲ့သည်။

ယနေ့ခေတ်သည် ဒစ်ဂျစ်တယ်အင်တာနက်နည်းပညာနှင့် ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence) တို့ ပေါင်းစပ်ထားသည့် စက်မှုတော်လှန်ရေး စတုတ္ထခေတ် (Industry 4.0)ဟု ပညာရှင်များက သတ်မှတ်ထားကြပြီး ကုန်ပစ္စည်းထုတ်လုပ်မှု၊ သယ်ယူပို့ဆောင် ဖြန့်ဖြူးမှုလုပ်ငန်းများတွင် လူလုပ်အသိဉာဏ်မြင့်စက်ရုပ်များ၊သုံးဘက် မြင်နည်းပညာ များ၊ နည်းပညာမြင့် ဒစ်ဂျစ်တယ် ကိရိယာများကဲ့သို့သော လျှပ်စစ်ပစ္စည်းများ အသုံးပြုဆောင်ရွက်လာကြပြီဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ထို့အပြင် ယခုကဲ့သို့ စက်မှု တော်လှန်ရေး စတုတ္ထခေတ်တွင် ဖွံ့ဖြိုးတိုးတက်လာသည့် ဒီဂျစ်တယ်နှင့် ကွန်ပျူတာနည်းပညာများကို ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၌ တွင်ကျယ်စွာ အသုံးပြုရန် ကမ္ဘာ့နိုင်ငံ အများအပြား တွင် ပြင်ဆင်နေကြပြီဖြစ်ကြောင်းလည်း ပြောကြားသွားသည်။

ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် လူကိုယ်တိုင် ဝင်ရောက် ထိန်းချုပ်ပြီး ခွဲစိတ်ကုသမှု ပြုလုပ်နိုင်သည့် စက်ရုပ်များနှင့် သုံးဘက်မြင်နည်းပညာ (Three Dimension)ကို အသုံး ပြုပြီး တိကျမှု အလွန်ကောင်းမွန်သည့် ခြေတုလက်တုထုတ် လုပ်နိုင်သည့် စက်များကိုပါ တီထွင်ဖန်တီး အသုံးပြုနေကြပြီဖြစ်ခြင်းကြောင့် ခေတ်မီနည်းပညာပိုင်းဆိုင်ရာ သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း သင်တန်းဆင်း တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းများကို မှာကြားခဲ့သည်။

တပ်မတော်ဆေးရုံများကိုလည်း လက်ရှိအချိန်တွင်ကျောက်ကပ်အစားထိုးကုသမှု၊အသည်းအစားထိုးကုသမှု၊နှလုံးသွေးကြောရောဂါ ရှာဖွေခြင်းနှင့် သွေးကြောချဲ့ကုသမှု၊ နှလုံးခွဲ စိတ်ကုသမှု၊ ဓာတ်ရောင်ခြည်နှင့် ကင်ဆာရောဂါကုသမှုပြု လုပ်နိုင်အောင် အဆင့်မြှင့်တင်ခဲ့ပြီး နှလုံးနှင့် ဦးနှောက်ခွဲစိတ်ကုသခြင်း၊ နှလုံးသွေးကြောအား Stent ထည့်ကုသခြင်း၊ နှလုံးခုန်နှုန်း ထိန်းညှိစက်ထည့်သွင်းခြင်း၊ ကျောက် ကပ်အစားထိုးလဲလှယ်ခြင်း၊ စသည့်အဆင့်မြင့်ပြုစုကုသမှုများကို နိုင်ငံတကာနည်းတူ ဆောင်ရွက်လာနိုင်ပြီကြောင်း သိရသည်။

တပ်မတော်၏ သမိုင်းတွင် ဆေးဝန်ထမ်းတပ်ဖွဲ့ဂုဏ်ဆောင် ဗိုလ်ကြီး သူရမွန်ထော်သက်ညွန့် ကဲ့သို့ တိုင်းပြည်အတွက် အသက်စွန့် အမှုထမ်းခဲ့သူများ အမြောက်အမြားရှိသကဲ့သို့ နိုင်ငံတကာဆေးပညာရှင်များနှင့် ရင်ပေါင်တန်းနိုင်သည့် တပ်မတော်သားအရာရှိ ဆရာဝန်များလည်း ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့သည့်အတွက် အဆိုပါ အစဉ်အလာကောင်းများကို လက်ဆင့်ကမ်းထိန်းသိမ်းပြီး စစ်ဘက်၊ နယ်ဘက်ဥပဒေများကို တိကျစွာ လိုက်နာကာ နိုင်ငံတော်နှင့် တပ်မတော်က အားထားရမည့် ဆေးမှူးများဖြစ်လာအောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားအားထုတ်သွားကြရန်လည်း တိုက်တွန်း မှာကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here