ဧရာဝတီမြစ်ရေ ဆက်လက်ကျဆင်းနေ

0
171

မြန်မာနိုင်ငံ၏ အဓိက ရေအရင်းအမြစ်တစ်ခုဖြစ်သော ဧရာဝတီမြစ်ရေသည် တစ်ရက်အတွင်း ဆက်လက်ကျဆင်းမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အသိပေးသည်။

ဧရာဝတီမြစ်ရေသည် ဒီဇင်ဘာ (၁၇)ရက်နေ့ မွန်းတည့် (၁၂)နာရီ တိုင်းထွာချက်အရ မန္တလေးမြို့တွင် (၃၆၃)စင်တီမီတာသို့ရောက်ရှိနေပြီး၊ ယင်းမြို့၏ ရေနည်းသတိပေးမှတ် (၃၆၀)စင်တီမီတာအောက်သို့ ရောက်ရှိနိုင်ကြောင်းဆိုသည်။

ယင်းအတွက် ဧရာဝတီမြစ်ရေသည် (၃)စင်တီမီတာအောက်သို့ ကျဆင်းသွားမည်ဖြစ်သည်။

ပြီးခဲ့သော ဒီဇင်ဘာ (၁၂)ရက်နေ့တွင်လည်း ဧရာဝတီမြစ်ရေ ကျဆင်းလာမှုကြောင့် နိုင်ငံတစ်ဝှမ်းရှိမြစ်ရေများ ရှိရင်းရေမှတ်မှ ပေဝက်နှင့်တစ်ပေခွဲခန့် ကျဆင်းခဲ့သည်။

ဧရာဝတီမြစ်ရေအနေဖြင့် ရေနည်းသတိပေးမှတ် ဆက်လက်ကျဆင်းလာမည်ဆိုပါက ချင်းတွင်းမြစ်အပါအဝင် မြစ်သာမြစ်၊ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ငဝန်မြစ်၊ တိုးမြစ် ၊ ကုလားတန်မြစ်၊ လေးမြို့မြစ်နှင့် ဘီးလင်းမြစ်ရေတို့သည်လည်း ကျဆင်းနိုင်သည်ဟု ခန့်မှန်းရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here