ပြည်မြို့တွင် ဆိုင်ကယ် မတော်တဆမှု (၂) ကြိမ် ဖြစ်ပွား၊ (၂)ဦးထိခိုက်ဒဏ်ရာများရ

0
304

ပဲခူးတိုင်းဒေသကြီး၊ အနောက်ပိုင်း ပြည်မြို့တွင် ဒီဇင်ဘာလ (၁၈) ရက်၊ ညနေပိုင်း အချိန်က ဆိုင်ကယ် မတော်တဆမှု (၂) ကြိမ် ဖြစ်ပွားခဲ့ပြီး အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၁) ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှ သိရသည်။

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်မြို့၊ အောင်လံကားလမ်းမပေါ် (ထန်းပေါက်ဂိတ်အနီး)တွင် ဒီဇင်ဘာ (၁၈) ရက်၊ ည (၆) နာရီခွဲကျော်အချိန်ခန့်က ကြံကားနှင့် ဆိုင်ကယ်တို့ တိုက်မိမှု ဖြစ်ပွားရာ အမျိုသား (၁) ဦး သွေးထွက်လွန်၍ စိုးရိမ်ရ ဒဏ်ရာရရှိနေသည့်အတွက် အရေးပေါ် လာရောက်ကူညီပေးပါရန် အသင်းသို့ ဆက်သွယ်ချက်အရ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ နေရာတွင် အမျိုးသား (၁) ဦးမှာ ဦးခေါင်းနောက်စေ့ကွဲ၊ နားသွေးယို ခြေလက်ပေါက်ပြဲ၊ သွေးထွက်ဒဏ်ရာများရရှိထားသည့်အတွက် အရေးပေါ် ဆေးကုသပြုစုပေးပြီး ပြည်မြို့ ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပါရမီ (၃) အရေးပေါ်ယာဉ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒီဇင်ဘာ (၁၈)ရက်၊ ညနေ (၄) နာရီခွဲကျော်အချိန်ခန့်က ပြည်မြို့၊ ရွှေတစ်ချောင်းလမ်းမပေါ် ခရမ်းကုန်းမီးသတ်ရှေ့တွင် ဆိုင်ကယ်နှင့် စက်ဘီး တိုက်မိမှုဖြစ်ပွားခဲ့ပြီး အမျိုးသမီး (၁) ဦး ဒဏ်ရာများရ ရှိခဲ့သည့်အတွက် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ နေရာတွင် အမျိုးသမီး (၁) ဦး ခေါင်းကွဲ၊ နှာခေါင်းသွေးထွက်၊ ခြေလက်ပေါက်ပြဲ သွေးထွက်ဒဏ်ရာများရရှိထားသည့်အတွက် လိုအပ်သည့် ကုသမှုများ လုပ်ဆောင်ပေးကာ ပြည်မြို့ ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပါရမီ (၃) အရေးပေါ်ယာဉ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here