တရုတ်နိုင်ငံအနောက်မြောက်ပိုင်း၌ ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၁၁၀ ကျော်သေဆုံး

0
263
Collapsed buildings are seen after an earthquake in Dahejia, Jishishan County, in northwest China’s Gansu province on December 19, 2023. - At least 111 people were killed when an earthquake collapsed buildings in northwest China, state media reported on December 19, as rescue workers raced to start digging through rubble. (Photo by AFP)

ပေကျင်း၊ဒီဇင်ဘာ ၁၉

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း၌ ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၁၁၁ ဦးသေဆုံးကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေရကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

အဆိုပါငလျင်ကြောင့် နေအိမ်အဆောက်အဦများ ပျက်စီးပြိုကျခဲ့ပြီး ဒေသခံများသည်လည်း ဘေးကင်းရေးအတွက် လမ်းပေါ်ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း နိုင်ငံပိုင်မီဒီယာ၌ဖော်ပြခဲ့သည်။

ငလျင်ဘေးအတွက် ကယ်ဆယ်ရေးသမားများအနေဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် အသက်ရှင်ကျန်သူများ၏ ဘေးကင်းရေးနှင့်၎င်းတို့၏ဥစ္စာပစ္စည်းများလုံခြုံရေးအတွက် အထူးဂရုပြုဆောင်ရွက်ကြရန်လည်း သမ္မတရှီကအာဏာပိုင်များအားပြောကြားခဲ့သည်။

အမေရိကန်ဘူမိဗေဒလေ့လာရေးဌာနကမူ ပြင်းအား ၅ ဒသမ ၉ ရစ်ခ်ျတာစကေးအဆင့်ရှိငလျင်သည် Qinghai နယ်စပ်အနီးရှိ Gansu တွင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ငလျင်ဗဟိုချက်သည် Gansu ပြည်နယ်မြို့တော် Lanzhou ၏ အနောက်တောင်ဘက် ကီလိုမီတာ ၁၀၀ အကွာတွင် တည်ရှိသည်ဟုထုတ်ပြန်ကြေငြာခဲ့သည်။

ယခုသဘာဝဘေးကြောင့် အချို့နယ်များ၌ လျှပ်စစ်မီးနှင့်ရေများပြတ်တောက်ခက်ခဲလျက်ရှိကြောင်းလည်း ဆင်ဟွာသတင်းဌာနကဖော်ပြထားသည်။

တရုတ်နိုင်ငံ၌ ငလျင်များသည် မကြာခဏလှုပ်ခတ်လေ့ရှိပြီး ၂၀၂၂ ခုနှစ်ကလည်း ပြင်းအား ၆ ဒသမ ၆ ရစ်ခ်ျတာစကေးအဆင့်ရှိသည့် ငလျင်တစ်ခုလှုပ်ခတ်ခဲ့မှုကြောင့် လူပေါင်း ၁၀၀ နီးပါးသေဆုံးခဲ့သေးသည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here