ဓာတ်အား ပျောက်ဆုံးမှုများကို စိစစ်၍ တရားမဝင် ဓာတ်အားသုံးစွဲမှုမှုများ ဖော်ထုတ်ရန် YESC ဥက္ကဋ္ဌ တိုက်တွန်း

0
186

ဓာတ်အား ပျောက်ဆုံးမှုများကို စိစစ်၍ တရားမဝင် ဓာတ်အားသုံးစွဲမှုမှုများကို ဖော်ထုတ်ရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ပြောကြားထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်လျှပ်စစ် မန်နေဂျာရုံးများကို ကွင်းဆင်းစစ်ဆေးစဉ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း စဉ်ဆက်မပြတ်ဓာတ် အားပေးနိုင်ရေး၊ ဓာတ်အားခွဲ ရုံများ ကြံ့ခိုင်ကောင်းမွန်ရေး၊ ထရန်စဖော်မာများ လောင်ကျွမ်းမှုမဖြစ်စေရေး၊ ဖီဒါများ၊ ထရန်စဖော်မာများ အလိုက် ဓာတ်အားပျောက်ဆုံးမှုများကို စိစစ်ဖော်ထုတ်ကာ တရားမဝင်ဓာတ်အား သုံးစွဲမှုများ ရှိ/မရှိ စိစစ်ဖော်ထုတ်ရေး၊ ဓာတ်အားခ ကြွေးကျန်များ လျော့နည်းကျဆင်းရေးတို့ကိုဆောင်ရွက်ရန်ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုများ မဖြစ်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တာဝန်ရှိသူ အဆင့်ဆင့်တို့မှ ကြပ်မတ်ရန် ဆက်လက်ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here