အမေရိကန်ကို တုံ့ပြန်ရန် မြောက်ကိုရီးယားအသင့်ရှိကြောင်း Hwasong-18 ပစ်လွှတ်မှုက ပြသနေဟုဆို

0
255

Hwasong-18 တိုက်ချင်းပစ်ဒုံးကျည်ကို အောင်မြင်စွာပစ်လွှတ်လိုက်ခြင်းသည် မြောက်ကိုရီးယားအပေါ် အမေရိကန်က ချမှတ်လေ့ရှိသည့် မှားယွင်းသော ဆုံးဖြတ်ချက်များအတွက်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ အဆက်မပြတ် ပြင်းပြင်းထန်ထန် သတိပေးမှုတွေနဲ့ ပြစ်တင်ရှုံ့ချမှုတွေကြားကကိုပဲ တစ်နှစ်ပတ်လုံး ဆက်လုပ်နေခဲ့တဲ့ စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုတွေ တိုးလာချင်နေတဲ့ ရန်ဘက်အင်အားစုတွေကို ပြင်းပြင်းထန်ထန် ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ စစ်ရေးလေ့ကျင့်မှုကနေ ဘယ်လိုတုံ့ပြန်မှုတွေ ပြင်ဆင်ထားလဲဆိုတာ အားလုံးအတွက် သိသာထင်ရှားပါတယ်။ အမေရိကန်က ကျွန်တော်တို့ကို မှားယွင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုခု ထပ်မံချမှတ်လိုက်ရင် လုပ်မှာပါ” ဟု ကင်ဂျုံအန်၏ ပြောကြားချက်ကို ကိုးကား၍ ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA)က ရေးသားဖော်ပြခဲ့သည်။

အကယ်၍ ဝါရှင်တန်သည် နောက်ထပ်ဖော်ရွေမှုမရှိသော လုပ်ရပ်များကို လုပ်ဆောင်ပါက ယခုထက်ပိုမိုအဆင့်မြင့်ပြီး ပိုမိုခြိမ်းခြောက်နိုင်သည့် ရွေးချယ်မှုများကို အသုံးပြုကာ ပိုမိုတက်ကြွသော ထိုးစစ်ဖြင့် လက်တုံ့ပြန်သင့်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၈ ရက်က စမ်းသပ်ခဲ့သည့် အဆိုပါ Hwasong-18 တိုက်ချင်းပစ်ဒုံးကျည်သည် ပုံမှန်အတိုင်းပစ်လွှတ်ပါက အကွာအဝေး ကီလိုမီတာ ၁၅၀၀၀ ကျော်အထိရောက်ရှိနိုင်ပြီး၊ အမေရိကန်၏ နယ်မြေတစ်ခုလုံးကို လွှမ်းခြုံနိုင်မည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။ မြောက်ကိုရီးယား၏ စစ်ရေးလေ့ကျင့်မှုများကို အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်နှင့် အခြားနိုင်ငံတို့က ရှုတ်ချခဲ့သည်။ ယင်းဒုံးကျည်ပစ်လွှတ်မှုကို တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယားကလည်း စစ်ဆင်ရေးများ ပြန်လည်လေ့ကျင့်ရန် နှင့် အထူးတပ်ဖွဲ့များ လေ့ကျင့်မှုကို စီစဉ်ရန် စဉ်းစားနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here