တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ ကုန်စုံတစ်ဆိုင်တွင် ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲကာ မီးလောင်မှု ဖြစ်ပွား

0
193

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက်ရှိ ကုန်စုံဆိုင်တစ်ဆိုင်တွင် နံနက် (၇) နာရီ (၅၀) မိနစ်အချိန်က လက်ကိုင်ဖုန်း အားသွင်းထားရာမှ အပူလွန်ကဲကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း တာချီလိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါ မီးလောင်မှုကို တာချီလိတ်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၁)စီး၊ တာချီလိတ်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ရာ နံနက် (၈) နာရီ (၅) မိနစ်အချိန်တွင် မီးညွှန့်ကျိုးခဲ့ပြီး နံနက် (၈) နာရီ (၁၀) မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် လူ/တိရိစ္ဆာန် ထိခိုက်မှု တစုံတရာ မရှိကြောင်းနှင့် ဖြစ်စဉ်နှင့် ပတ်သက်၍ မီးသတ်တပ်ဖွဲ့မှ လိုအပ်သည်များ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here