ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် FMI ၏ ၂၀၂၃ နှစ်ဝက် ဝင်ငွေ ကျပ် ၂၂၉.၄ ဘီလီယံရရှိခဲ့

0
225

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ဘဏ္ဍာနှစ်ဝက်အတွင်း ကုမ္ပဏီအုပ်စု၏ စုစုပေါင်းဝင်ငွေကျပ် ၂၂၉.၄ ဘီလီယံ ရရှိခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် First Myanmar Investment – FMI ၏ နှစ်ဝက်ဘဏ္ဍာရေးရှင်းတမ်းတွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ဘဏ္ဍာရေးနှစ်ဝက်၏ စုစုပေါင်းဝင်ငွေ ကျပ် ၁၅၉.၄ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ၄၃.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။

FMI ကုမ္ပဏီအုပ်စုဝင်များဖြစ်သည့် ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းကဏ္ဍမှ ရိုးမဘဏ်နှင့် ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်း ကဏ္ဍမှ ပန်းလှိုင်ဆေးရုံအုပ်စုတို့မှ ဝင်ငွေများ တိုးမြင့်ရရှိခဲ့ခြင်းကြောင့်ဟု ဘဏ္ဍာရှင်းတမ်းတွင် ဖော်ပြထားကြောင်း သိရသည်။

ရိုးမဘဏ်မှ ရရှိသောဝင်ငွေသည် ၂၀၂၂ စက်တင်ဘာ ဘဏ္ဍာရေးနှစ်ဝက်တွင် ကျပ် ၁၃၀.၄ ဘီလီယံ ရရှိခဲ့ရာမှ ၂၀၂ ၃ စက်တင်ဘာ ဘဏ္ဍာရေးနှစ်ဝက်တွင် ကျပ် ၁၉၀.၇ ဘီလီယံ အထိရရှိခဲ့သဖြင့် ၄၆.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။

ပန်းလှိုင်ဆေးရုံအုပ်စုမှ ဝင်ငွေရရှိမှုမှာလည်း ၂၀၂၂ စက်တင်ဘာ ဘဏ္ဍာရေးနှစ်ဝက်တွင် ကျပ် ၂၉ ဘီလီယံ ရရှိခဲ့ရာ မှ ၂၀၂၃ စက်တင်ဘာ ဘဏ္ဍာရေးနှစ်ဝက်တွင် ကျပ် ၃၈ ဘီလီယံအထိ ရရှိခဲ့သဖြင့် ၃၁.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။

ကုမ္ပဏီအုပ်စု၏ ၂၀၂၃ စက်တင်ဘာ ဘဏ္ဍာရေးနှစ်ဝက်အတွက် အကြမ်းအမြတ်သည် ကျပ် ၉၀.၉ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၂ စက်တင်ဘာ ဘဏ္ဍာရေးနှစ်ဝက်၏ အမြတ် ကျပ် ၅၃.၉ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ၆၈.၆ ရာခိုင်နှုန်း တိုးမြင့်ခဲ့ကြောင်း သိရသည်။

ရိုးမဘဏ်၏ အပ်ငွေအပေါ်ပေးရသော ကုန်ကျစရိတ်ထက် အတိုးမှရရှိသော ဝင်ငွေနှင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ မှရရှိသော ဝင်ငွေများ တိုးတက်လာခြင်းတို့က အကြမ်းအမြတ်တိုးမြင့်ခြင်း၏ အဓိကအကြောင်းအရင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here