ကွန်တိန်နာယာဉ်နှင့် ဘေးတွဲဆိုင်ကယ် တိုက်မိမှုကြောင့် (၁) နှစ်ကျော်ကလေ-းအပါအဝင် (၂) ဦး ‌ေ-သဆုံး

0
162

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် ကွန်တိန်နာယာဉ်နှင့် ဘေးတွဲဆိုင်ကယ် တိုက်မိမှုကြောင့် (၁) နှစ်ကျော်ကလေ-းအပါအဝင် (၂) ဦး ‌ေ-သဆုံးသွားကြောင်း မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေး အသင်းထံမှ သိရသည်။

မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး၊ ကံ့ကော်လမ်းမကြီးထိပ်တွင် ယမန်နေ့ည (၈) နာရီ (၃၀) မိနစ်ခန့်က ကွန်တိန်နာယာဉ်နှင့် ဘေးတွဲဆိုင်ကယ်တို့ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အမေနဲ့ သမီးလေးက ဘေးတွဲဆိုင်ကယ်ငှားကြတာ၊ ဘေးတွဲဆိုင်ကယ်က လမ်းပြောင်းပြန် မောင်းတဲ့အခါမှာ ကွန်တိန်နာယာဉ်နဲ့ မျက်နှာချင်းဆိုင်အနေအထားမျိုး တိုက်မိကျတာပါ” ဟု မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် ဘေးတွဲဆိုင်ကယ်မောင်းသည့် ကိုအောင်ကြီး အသက်(၃၅)နှစ် နှင့် မစုရတီထွန်း အသက် (၁) နှစ်(၆)လ တို့မှာ နေရာတွင်ပင်‌ေ-သဆုံးသွားသည့်အတွက် အင်းစိန်ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ရပြီး ကလေးငယ်၏ မိခင်မအေးစိုး အသက်(၂၄) နှစ်သည် ပြင်းထန်ဒဏ်ရာများဖြင့် အင်းစိန်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကွန်တိန်နာယာဉ်မောင်းသူအား ရဲတပ်ဖွဲ့မှ ထိန်းသိမ်းထားကြောင်း သိရသည်။

ဓာတ်ပုံ – မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here