မြန်မာနှင့် UNFPA တို့အကြား အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး

0
156

မြန်မာနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ UNFPA တို့အကြား အနာဂတ်တွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့(UNFPA)တို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့(UNFPA)မှ ဘန်ကောက်မြို့ အခြေစိုက် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာရုံး၏ ညွှန်ကြားရေးမှူး Mr. Pio Smith တို့ ယမန်နေ့ ဒီဇင်ဘာ (၁၉) ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ တွေ့ဆုံရာတွင် UNFPA ၏ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့် UNFPA နှင့် မြန်မာနိုင်ငံအစိုးရတို့အကြား အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ UNFPA ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Ramanathan Balakrishnan တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here