တောင်ကိုရီးယား သမ္မတက နိုင်ငံခြားရေးဝန်ကြီးနဲ့ ထောက်လှမ်းရေးအေဂျင်စီအကြီးအကဲသစ်များ လျာထား

0
166

တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ယိုးလ်ဟာ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ချိုတေးယူလ်ကို နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ်လည်းကောင်း အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူ ချိုတေးယွန်းကို ထောက်လှမ်းရေးအေဂျင်စီ အကြီးအကဲသစ်အဖြစ်လည်းကောင်း ဒီဇင်ဘာ ၁၉ ရက်မှာ လျာထားအမည်စာရင်းသွင်းလိုက်တယ်လို့ သမ္မတရုံးက ပြောဆိုပါတယ်။

ပြုံယမ်းက နိုဝင်ဘာလအတွင်း သူလျှိုဂြိုဟ်တုတစ်ခု လွှတ်တင်ခဲ့မှု၊ ယခုသီတင်းပတ်မှာ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့အပြီး မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေရှိလာချိန်မှာ အခုလို ရာထူးခန့်အပ်မှုတွေလုပ်လာတာဖြစ်ပါတယ်။

ကြီးမားတဲ့ ပထဝီနိုင်ငံရေး အပြောင်းအရွေ့အချိန်ကာလမှာ သူ့အတွက် ကြီးလေးတဲ့ တာဝန်တစ်ခုလို့ ခံစားရကြောင်း ယူကရိန်းစစ်ပွဲ၊ အမေရိကန်-တရုတ်အားပြိုင်မှု ကြီးထွားလာခြင်းတို့ကို ရည်ညွှန်းကာ ပူပူနွေးနွေးနွေး အမည်စာရင်းတင်ခံလိုက်ရတဲ့ နိုင်ငံခြားရေးဝန်ကြီးက မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

“အမျိုးသားလုံခြုံရေးနဲ့ သာယာဝပြောရေး ခိုင်မာဖို့ အစွမ်းကုန်ကြိုးစားလုပ်ဆောင်သွားမှာပါ” လို့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ဟောင်းလည်းဖြစ်တဲ့ ချိုတေယူလ်က ပြောဆိုသွားပါတယ်။

တစ်ချိန်တည်းမှာပဲ အမျိုးသားထောက်လှမ်းရေးဋ္ဌာန ဒါရိုက်တာသစ်အဖြစ် အမည်စာရင်းတင်ခံရသူ ချိုတေယွန်းက နိုင်ငံတော်အနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်ရေး အထောက်အကူဖြစ်ဖို့အတွက် သတင်းအချက်အလက်တွေကို အချိန်ကိုက် တင်ပြသွားမယ်လို့ ကတိပြုကြောင်း ပြောဆိုခဲ့ပါတယ်။

အမျိုးသားလွှတ်တော်အနေနဲ့ ယခု အမည်စာရင်းတင်သွင်းခြင်းတွေအတွက် ကြားနာအတည်ပြုမှုုလုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

Ref:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here