ယူကရိန်းအားအဆုံးထိပံ့ပိုးပေးသွားမည်ဟု ပြင်သစ်နှင့်ယူကေပြောကြား

0
154
French Foreign and European Affairs Minister Catherine Colonna (R) and British Foreign Minister David Cameron give a press conference in Paris on December 19, 2023. (Photo by Miguel MEDINA / AFP)

ပါရီ၊ဒီဇင်ဘာ ၁၉

ရုရှားကျူးကျော်မှုကိုတိုက်ဖျက်ရာ၌ မရှိမဖြစ်လိုအပ်သည့်အကူအညီများကို ပြင်သစ်နှင့်ဗြိတိန်တို့က ယူကရိန်းအား ပံ့ပိုးကူညီကာ အဆုံးထိကူညီသွားမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းက ဒီဇင်ဘာ ၁၉ ရက်နေ့တွင်ပြောကြားခဲ့သည်။

ရုရှား – ယူကရိန်းအရေးသည် နှစ်နှစ်နီးပါးကြာလာခဲ့သဖြင့် အနောက်အုပ်စု၏ ပံ့ပိုးကူညီမှုများ လျော့ကျလာမည်ကို ကိဗ်ကစိုးရိမ်နေချိန်တွင် ၎င်းကယခုကဲ့သို့ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၌ ယခုနှစ်အတွင်း ယူကရိန်းအတွက် နောက်ထပ်အကူအညီအစီအစဉ်တစ်ခုအတွက်သာ လုံလောက်ပြီးခွင့်ပြုချက်ရရှိထားသည့်ရန်ပုံငွေရှိကြောင်း အိမ်ဖြူတော်က တနင်္လာနေ့တွင် သတိပေးခဲ့ပြီး လွှတ်တော်ရှိ ရီပတ်ဘလီကန်အမတ်များကမူ ယူကရိန်းအားပေးမည့် အခြားအပိုအကူအညီများအားပိတ်ပင်ထားကြောင်းလည်းသိရသည်။

ယူကေနိုင်ငံခြားရေးဝန်ကြီးကမူ ပဋိပက္ခစတင်ကတည်းက အတူလက်တွဲဆောင်ရွက်ခဲ့သည့် ပြင်သစ်နှင့်၎င်းတို့သည် ရုရှားကို အနိုင်ရစေမည်မဟုတ်ဘဲ ယူကရိန်းအနေဖြင့် ၎င်း၏အချုပ်အခြာအာဏာနှင့်ပိုင်နက်နယ်မြေအပါအဝင် လွတ်လပ်မှုကိုပါပြန်လည်ရရှိစေရမည်ဖြစ်ကြောင်းလည်းဆိုခဲ့သည်။

Source : အေအက်ဖ်ပီ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here