ဆေးဝါးမှတ်ပုံတင်မရှိသည့် ဆေးများ ဈေးကွက်အတွင်း ရောင်းချနေဟု FDA အသိပေး

0
247

ဈေးကွက်အတွင်း၌ ဆေးဝါးမှတ်ပုံတင်မရှိသည့် ဆေးများ ဈေးကွက်အတွင်း ရောင်းချနေကြောင်း အစားအသောက် နှင့် ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန (FDA) က ဒီဇင်ဘာလ (၁၉) ရက်တွင် အသိပေး ထုတ်ပြန်ထားသည်။

FDA အနေဖြင့် စျေးကွက်အတွင်းရှိ ‌ဆေးဝါးများကို ပုံမှန်စစ်ဆေးလျက်ရှိရာ အရည်အသွေး၊ အာနိသင်၊  ဘေးအန္တရာယ် အာမခံချက်မရှိသည့် ဆေးဝါးမှတ်ပုံတင်မရှိ‌သော ဆေးဝါးများကို စျေးကွက်အတွင်း ရောင်းချနေခြင်းအား တွေ့ရှိရကြောင်း ထုတ်ပြန်ချက်‌တွင် ဖော်ပြထားသည်။

FDA မှ အသိပေးထုတ်ပြန်ထားသည့် ဆေးဝါးများတွင် ဘားကုတ်မတူ​၊မြန်မာအညွှန်းမပါသည့် Benda 500 Tablet၊ TIFFY DEY Tablet၊ Sara Suspension (Strawberry) နှင့် Sara For Children Suspension (Orange) တို့ ပါဝင်ကြောင်း သိရသည်။

တရားဝင်တင်သွင်းထားသည့် Benda 500 Tablet ၏ Bar Code သည် 8851473004123 ဖြစ်ပြီး ဆေးဝါးမှတ်ပုံတင်အမှတ်သည် MM Reg . No R250 7AA 2814 နှင့် Insert Sheet တွင် မြန်မာစာဖြင့် ရေးသားထားကာ၊ တရားမဝင်တင်သွင်းထားသည့် Benda 500 Tablet ၏ Bar Code သည် 8851473001191 ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဆေးဝါးမှတ်ပုံတင်အမှတ်မရှိခြင်း၊ Insert Sheet တွင် မြန်မာစာဖြင့်ရေးသားဖော်ပြထားခြင်းမရှိကြောင်း သိရသည်။

အလားတူ တရားမဝင်တင်သွင်းထားသည့် TIFFY DEY Tablet ၏ Bar Code သည် 8851473007704 ဖြစ်၍ ဆေးဝါး မှတ်ပုံတင်အမှတ်မရှိခြင်း၊ ဆေးဘူး နှင့် ဆေးကဒ်တို့တွင် မြန်မာစာဖြင့်ရေးသားဖော်ပြထားခြင်းမရှိကြောင်းသိရပြီး တရားဝင်တင်သွင်းထားသော TIFFY DEY Tablet ၏ Bar Code သည် 8851473009678 ဖြစ်၍ ဆေးဝါးမှတ်ပုံတင်အမှတ် MM Reg . No R2609 AA 3580 နှင့် ဆေးဘူး နှင့် ဆေးကတ်တို့တွင် အင်္ဂလိပ်စာ၊ မြန်မာစာ (၂)မျိုးဖြင့် ရေးသားဖော်ပြထားကြောင်း သိရသည်။

ထို့ပြင် တရားမဝင်တင်သွင်းထားသော Sara Suspension (Strawberry) နှင့် Sara For Children Suspension (Orange) တို့တွင် ဆေးဝါးမှတ်ပုံတင်အမှတ်မရှိခြင်း နှင့် ဆေးဘူး နှင့် Insert Sheet  မြန်မာစာဖြင့်ရေးသားဖော်ပြထားခြင်းမရှိကြောင်း၊ တရားဝင်တင်သွင်းထားသော Sara Suspension (Strawberry)၏ ဆေးဝါးမှတ်ပုံတင်အမှတ်သည် MM Reg . No R2402 AA 1167  ၊ Sara For Children Suspension (Orange) သည် MM Reg . No R2103 AA 2933  ဖြစ်ပြီး ဆေးဘူး နှင့် Insert Sheet တို့တွင်  အင်္ဂလိပ်စာ နှင့် မြန်မာစာ (၂)မျိုးဖြင့် ရေးသားဖော်ပြထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here