အမေရိကန်မှ တင်ပို့လိုက်တဲ့ recycle ပစ္စည်းတွေထဲ လူ့ခြေထောက်ပြ-တ်နှစ်ချောင်းကို ထိုင်းအလုပ်သမားတွေ တွေ့ရှိ

0
167

ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ် စီရာချာခရိုင်ရှိ recycle (တကျော့ပြန်အသုံးချ) စက်ရုံတစ်ခုမှ အလုပ်သမားတွေဟာ အမေရိကန်ပြည်ထောင်စုက တင်ပို့လိုက်တဲ့ ကတ္ထူစက္ကူတွေအတွင်းကနေ အရိုးစုနီးနီးသာကျန်တော့တဲ့ လူ့ခြေထောက်ပြ-တ်နှစ်ချောင်းကို တွေ့ရှိခဲ့ကြတယ်လို့ သိရပါတယ်။

ဒီထိတ်လန့်ဖွယ်သတင်းကို ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲ တစ်နာရီမှာ စီရာချာရဲတပ်ဖွဲ့က သတင်းရရှိခဲ့ပါတယ်။

ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေဟာ အခင်းဖြစ်နေရာရှိရာကို သွားရောက်ကာ အရိုးစုသာသာပဲကျန်တော့တဲ့ ခြေထောက်နှစ်ချောင်းကို ခြေဖဝါးကနေ တင်ပဆုံအထိ စစ်ဆေးကြည့်ရှု့ခဲ့ကြပါတယ်။ ခြေထောက်တွေမှာ အားကစားဖိနပ်တွေစီးထားလျက်သားရှိနေသေးတယ်လို့ ဆိုပါတယ်။

ခြေထောက်ပြ-တ်နှစ်ချောင်းကို ရဲဆေးရုံရှိ မူခင်းဆေးသိပ္ပံဋ္ဌာနသို့ ပို့ဆောင်ကာ စစ်ဆေးချက် ရယူနေကြောင်း သိရပါတယ်။

ကတ္ထူစက္ကူဟောင်းတွေကို ကွန်တိန်နာတစ်လုံးနဲ့ recycle စက်ရုံကို ပို့ခဲ့တာဖြစ်ပြီး ကတ္ထူထပ်တွေကို အလုပ်သမားတွေက ထုတ်ယူစီထပ်ခဲ့ချိန်မှာ ယင်း မနှစ်မြို့ဖွယ်အရာကို တွေ့ရှိခဲ့ကြတာပါ။ ခြေထောက်ပြ-တ်နှစ်ချောင်းတွေ့ရှိခဲ့တဲ့ recycle စက်ရုံရဲ့ အမည်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးကြောင်း သတင်းမှာ ဖော်ပြခဲ့ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here