မန္တလေးတွင် သဲတင်ကားနှင့် ဆိုင်ကယ် တိုက်မိရာမှ ဆိုင်ကယ်မောင်းလာသည့် ကျောက်သမားတစ်ဦး ‌ေ-သဆုံး

0
309

မန္တလေးမြို့၊ ၄၁ လမ်း၊ ၈၄ လမ်းနှင့် ၈၃ လမ်းကြားတွင် ယနေ့ ဒီဇင်ဘာ (၂၀)ရက် နေ့လယ်ပိုင်းက သဲတင်ကားနှင့် ဆိုင်ကယ်တို့ တိုက်မိရာမှ ဆိုင်ကယ်မောင်းသူ အမျိုးသားတစ်ဦး နေရာတွင် ‌ေ-သဆုံးခဲ့ရကြောင်း မဏီစလ လူမှု / နာမှု ကူညီရေးအသင်း-မန္တလေးမြို့မှ သိရသည်။

ယနေ့ နေ့လည် (၁၂) နာရီဝန်းကျင်ခန့်က သဲများ တင်ဆောင်လာသည့် Faw ကားနှင့် ဆိုင်ကယ်တို့ တိုက်မိမှုဖြစ်ပွားကြောင်း သတင်းအရ မဏီစလလူမှု / နာမှု ကူညီရေးအသင်း-မန္တလေးမြို့မှ သွားရောက် ကူညီခဲ့ကြောင်း သိရသည်။

“၁၂ နာရီဝန်းကျင်လောက်ဖြစ်မယ်။ ဆိုင်ကယ်မောင်းသူက အခင်းဖြစ်ရာနေရာမှာပဲ အသက်ဆုံးရှုံးခဲ့ရတယ်။ ကယ်ရီသမား မဟုတ်ဘူး။ ကျောက်သမားလို့ ပြောကြတယ်”ဟု သွားရောက် ကူညီခဲ့သည့် မဏီစလလူမှု / နာမှု ကူညီရေးအသင်း-မန္တလေးမြို့မှ တာဝန်ရှိသူက ဆိုသည်။

ဖြစ်စဉ်နေရာအရောက် ယာဉ်တိုက်မှုဖြစ်စဉ်အတွင်း ဆိုင်ကယ်မောင်းသူ အသက် (၄၀) အရွယ် ကိုဇော်လှိုင်ဆိုသူ ကျောက်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သည့်အမျိုးသားမှာ အသက်ဆုံးရှုံးခဲ့ရပြီး ရုပ်အလေ-ာင်းကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ အသင်းမှ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here