လားရှိုးမြို့ ရပ်ကွက် (၅)ရှိ မြောင်းအတွင်း၌ ‌ေ-သဆုံးနေသည့် အမည်မသိ အမျိုးသားအလေ-ာင်း တွေ့ရှိ

0
192

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် (၅)၊ (၄၃) လမ်းနှင့် လမ်း (၂၀)ထောင့်ရှိ မြောင်းထဲတွင် ‌ေ-သဆုံးနေသည့် အမည်မသိ အမျိုးသားအလေ-ာင်း တစ်လေ-ာင်း တွေ့ရှိခဲ့ကြောင်း လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာ(၂၀)ရက်၊နေ့လယ်(၁)နာရီ အချိန်ခန့်က လားရှိုးမြို့၊ ရပ်ကွက် (၅)၊ (၄၃) လမ်းနှင့် လမ်း (၂၀)ထောင့်ရှိ မြောင်းထဲတွင် အမျိုးသားတစ်ဦး ‌ေ-သဆုံးနေသည့်အတွက် ကူညီပေးရန် ပြည်သူတစ်ဦးမှ ဆက်သွယ်အကြောင်းကြားချက်အရ အသင်းမှ သွားရောက်ခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ‌ေ-သဆုံးသူအား သယ်ဆောင်ကာ လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီး-အရေးပေါ်ဌာနမှ တစ်ဆင့် ရင်ခွဲရုံသို့ (PR-0 18) ဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

“ဒဏ်ရာမရှိပါဘူး။ အခြေနေမဲ့ တစ်ယောက်ပဲ ဖြစ်ပါတယ်” ဟု လားရှိုး လူငယ်များ လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ‌ေ-သဆုံးသူ၏ အမည်၊ နေရပ် မသိရှိရသေးသောကြောင့် သိရှိပါက မိသားစုဝင်များထံသို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားပေးနိုင်ပါရန် အသင်းမှ မေတ္တာရပ်ခံပန်ကြားထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here