မြောက်ကိုရီးယား၏ မဆင်မခြင်ပြုလုပ်နေသည့် ဒုံးကျည်စမ်းသပ်မှုများအား တွန်းလှန်နိုင်ရမည်–ဂျီ ၇

0
141

မြောက်ကိုရီးယား၏ မဆင်မခြင်နျူကလီးယားတည်ဆောက်မှုနှင့် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ခိုင်မာပြီး စည်းလုံးညီညွတ်စွာတုံ့ပြန်ရန်လိုအပ်ကြောင်း ကမ္ဘာ့အင်အားကြီးနိုင်ငံများက ဒီဇင်ဘာ ၁၉ ရက်တွင်ပြောကြားခဲ့ကြောင်းသိရသည်။

မြောက်ကိုရီးယားက အင်အားကြီးမားသော တိုက်ချင်းပစ်ဒုံးများစမ်းသပ်နေမှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ထိထိရောက်ရောက်တုံ့ပြန်သင့်ပြီး အထူးသဖြင့် ကုလလုံခြုံရေးကောင်စီအနေဖြင့်တင်းတင်းကြပ်ကြပ်ကိုင်တွယ်သင့်သည်ဟု ဂျီ ၇ နိုင်ငံခြားရေးဝန်ကြီးများကပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် တနင်္လာနေ့ကလည်း တာဝေးတိုက်ချင်းပစ်ဒုံးတစ်ခုအားစမ်းသပ်ပစ်လွှတ်ခဲ့ပြီး ၎င်းဒုံးကျည်သည် အမေရိကန်ပြည်ထောင်စုအထိပါရောက်နိုင်သည့်အနေအထားရှိခဲ့ကြောင်းလည်းသိရသည်။

မြောက်ကိုရီးယား၏သတင်းထုတ်ပြန်ချက်၌ အဆိုပါဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုအား မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်းလာရောက်ကြည့်ရှုခဲ့ပြီး တောင်ကိုရီးယားနှင့်မဟာမိတ်ဆက်ဆံရေးအားကောင်းသည့်အမေရိကန်အား ဆုံးဖြတ်ချက်အမှားမချမိရန် သတိပေးလိုခြင်းဖြစ်ကြောင်းဆိုခဲ့သည်။

မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်နှင့် နျူအစီအစဉ်များအား ကုလလုံခြုံရေးကောင်စီ၏ပဋိဉာဥ်ဖြင့်တားဆီးခဲ့သည်မှာ ၂၀၀၆ ခုနှစ်ကတည်းကဖြစ်သော်လည်း အဆိုပါပဋိဉာဉ်ကို မြောက်ကိုရီးယား၏အရင်းနှီးဆုံးမိတ်ဆွေလည်းဖြစ်သလို လုံခြုံရေးကောင်စီ၌ ဗီတိုအာဏာသုံးခွင့်ရှိထားသည့် ရုရှားနှင့်တရုတ်တို့ကကန့်ကွက်ပေးခဲ့ကြခြင်းလည်းသည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here