ရေခဲမှတ်အောက် ရာသီဥတုအခြေအနေတွင် တရုတ် ငလျင်ဘေးဒဏ်သင့်သူများအား ဘေးအန္ထရာယ်ကင်းအောင် ကယ်ထုတ်ခဲ့ရ

0
293

တရုတ်နိုင်ငံ အနောက် မြောက်ပိုင်း ဂန်စုပြည်နယ် ဝေးလံသီခေါင်ဧရိယာရှိ ငလျင်ဘေးဒဏ်သင့် ဒုက္ခကြုံနေသူတွေကို ရေခဲမှတ်အောက် ရာသီဥတုအခြေအနေအား အံတုကာ ကယ်ဆယ်ရေးသမားတွေက ဘေးကင်းလုံခြုံမှုရှိအောင် ကယ်ထုတ်ပေးခဲ့ရကြောင်း သိရပါတယ်။

ဂန်စုနဲ့ ကွင်းဟိုင်ပြည်နယ် နယ်နိမိတ်အနီးရှိ Jishishan စီရင်စုမှာ ဒီဇင်ဘာ ၁၈ ရက်ညသန်းခေါင်ယံမတိုင်ခင် တစ်မိနစ်အလိုက လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆.၂ အဆင့်ရှိငလျင်ကြောင့် ‌ေ-သလောက်အောင်အေးတဲ့ ညည့်နက်ချိန်ကြီးမှာ ဒေသခံတွေ နေအိမ်တွေထဲကနေ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြရပါတယ်။ လမ်းတွေ၊ ဓါတ်အားလိုင်းတွေနဲ့ ရေပေးဝေရေးစနစ်တွေအပြင် စိုက်ပျိုးရေးထုတ်ကုန်စက်ရုံတွေ ပျက်စီးထိခိုက်ခဲ့ကာ မြေပြိုမှုကျမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ဂန်စုပြည်နယ်မှာ ဗုဒ္ဓဟူးနေ့ မနက် ၉ နာရီအချိန်အထိ ‌ေ-သဆုံးသူဦးရေ ၁၁၃ ဦးတွေ့ရှိခဲ့ပြီးဖြစ်ကာ ဒဏ်ရာရသူ ၇၈၂ ဦး ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။ အိမ်နီးချင်း ကွင်းဟိုင်ပြည်နယ်မှာတော့ ဗုဒ္ဓဟူးမနက် ၅ နာရီခွဲအချိန်အထိ ‌ေ-သဆုံးဦးရေ ၁၈ ဦး ရှိလာခဲ့ကာ ဒဏ်ရာရသူ ၁၉၈ ဦးရှိတယ်လို့ သိရပါတယ်။

ဂန်စုပြည်နယ်မှာ အသက်ရှင်လျက်ပြန်လည်တွေ့ရှိထားသူ ၇၈ ဦးရှိပြီး ဒဏ်ရာရရှိထားသူတွေကို ပြုစုကုသရေးနဲ့ လချီကြာရှည်မယ့် ဆောင်းရာသီကာလမှာ ဒေသခံတွေကို ပြန်လည်နေရာချထားရေး အာရုံစိုက်လုပ်ဆောင်ဖို့ရာ ယင်းဒေသမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အင်္ဂါနေ့မွန်းလွဲပိုင်းကစလို့ ရပ်တန့်ထားကြောင်း တရုတ်မီဒီယာတွေမှာ ဖော်ပြပါတယ်။

ကွင်းဟိုင်ပြည်နယ်မှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်တန့်လိုက်ပြီလား ဆက်လုပ်ဆောင်နေသလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ ဆိုပါတယ်။

ဂန်စုပြည်နယ်မှာ နေအိမ်ပေါင်း ၂၀၇၀၀၀ ကျော် ပျက်စီးထိခိုက်ခဲ့ကာ နေအိမ် ၁၅၀၀၀ နီးပါးက ပြိုကျသွားခဲ့ကြောင်းနဲ့ လူဦးရေ ၁၄၅၀၀၀ ကျော် ငလျင်ဘေးဒုက္ခရောက်ခဲ့ကြောင်း သိရပါတယ်။ လူဦးရေ ၁၂၈၀၀၀ ကျော်လောက်ကို ယာယီတဲတွေ၊ စောင်တွေ၊ မီးလုံးတွေ၊ ခေါက်ကုတင်တွေလို အရေးပေါ် ထောက်ပံ့ရေးပစ္စည်းတွေ ထောက်ပံ့ထားသလို ဘေးဒဏ်သင့်သူတွေကို ခေါက်ဆွဲခြောက်တွေနဲ့ အခြားအစားအစာတွေ ပေးဝေထားတယ်လို့ ဆိုပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here