မြန်မာနိုင်ငံ အနေဖြင့် တရုတ်အပါအဝင် လန်ချန်း – မဲခေါင် ဒေသ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်မည်

0
202

မြန်မာနိုင်ငံအနေဖြင့် တရုတ်အပါအဝင် မဲခေါင်ဒေသ (၅) နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်မည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေနှင့် Jiangxi ပြည်နယ်၊ ဒုတိယ အုပ်ချုပ်ရေးမှူး H.E. Mr. Xia Wenyong တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် Jiangxi ပြည်နယ်၊ Yingtan မြို့ရှိ True Home ဟိုတယ်၌ ဒီဇင်ဘာ (၁၉) ရက်က ကျင်းပသည့် “2023 Forum on Lancang-Mekong Local Government Cooperation and Dialogue between Historic and Cultural Cities of Lancang-Mekong Countries” သို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ဖိုရမ်ဖွင့်ပွဲ မစတင်မီ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေနှင့် Jiangxi ပြည်နယ်၊ ဒုတိယ အုပ်ချုပ်ရေးမှူး H.E. Mr. Xia Wenyong တို့ တွေ့ဆုံပြီး တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် လန်ချန်း-မဲခေါင်ဒေသ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် Lancang-Mekong Local Government Cooperation ဖိုရမ်ဖွင့်ပွဲ အခမ်းအနား၌ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေမှ မိန့်ခွန်းပြောကြားကြောင်း သိရသည်။

ထိုသို့ ပြောကြားရာတွင်လည်း မြန်မာနိုင်ငံအနေဖြင့် ယူနန်ပြည်နယ်၊ ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ချုံချင့်မြူနီစီပါယ်မြို့တို့နှင့် ပြည်နယ်အစိုးရခြင်း ချိတ်ဆက်ဆောင်ရွက် နေမှုများ၊ လန်ချန်း -မဲခေါင် နိုင်ငံများရှိ ပြည်နယ်အစိုးရများအကြား ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် ဒေသခံ ပြည်သူများအကြား ကူးလူးဆက်ဆံမှု၊ ယဉ်ကျေးမှုဖလှယ်မှု၊ အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုများ ပိုမိုတိုးတက် ချိတ်ဆက်လုပ်ဆောင်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်သာမက မဲခေါင်ဒေသ (၅) နိုင်ငံတို့၏ ပြည်နယ်အစိုးရများ အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိမှုများကို ရှင်းလင်းပြောကြားခဲ့သည်။

ဖွင့်ပွဲအခမ်းအနားသို့ Jiangxi ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး H.E. Mr. Xia Wenyong၊ Chinese People’s Association for Friendship with Foreign Countries (CPAFFC) ဒုတိယ ဥက္ကဋ္ဌ Mr. Yuan Mindao၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများမှ မြို့တော်ဝန်များ၊ ရန်ကု န်မြို့ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ မန္တလေးမြို့စည်ပင်သာယာရေး ကော်မတီ၊ အတွင်းရေးမှူး ဦးဝင်းမောင် ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

Dialogue between Historic and Cultural cities of Lan chang-Mekong countries အစီအစဉ်၏ Session 2: Carrying Forward Traditional Culture for Cultural Innovation and Mutual Learning ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့ ဒုတိယမြို့တော်ဝန် ဦးညီညီမှ လည်းကောင်း၊ Session 3: Developing Tourism Resources for Common Prosperity ခေါင်းစဉ်ဖြင့် မန္တလေးမြို့စည်ပင်သာယာရေးကော်မတီ၊ အတွင်းရေးမှူး ဦးဝင်းမောင်မှလည်းကောင်း ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here