ကျောက်တံခါးမြို့တွင် Drone အသုံးပြုကာ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ကလေ-းငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး အမျိုးသမီး နှစ်ဦး‌ေ-သဆုံး

0
130

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် Drone အသုံးပြုကာ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ကလေ&းငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး နှစ်ဦး‌ေ-သဆုံးခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဖြစ်စဥ်သည် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သူဌေးကုန်း ကျေးရွာတွင် ဒီဇင်ဘာလ (၁၉) ရက် ညနေ (၅) နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမည်မသိလက်နက်ကိုင်များက ကျေးရွာ၏ အရှေ့မြောက်ဘက် သုံးမိုင်ခန့်အကွာမှနေ၍ အမြင့် မီတာ ၅၀၀ ခန့်မှ Drone အသုံးပြုကာ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ကျေးရွာအတွင်း Drop Bomb တစ်လုံးကျရောက် ပေါက်ကွဲခဲ့ရာ အဆိုပါ ကျေးရွာနေ အမျိုးသမီးနှစ်ဦး ဗုံးစထိမှန်ဒဏ်ရာများဖြင့် ေ-သဆုံးခဲ့ပြီး အသက်(၂)နှစ်အရွယ် ကလေ6းငယ် တစ်ဦး ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကလေ-းငယ်အား ကျောက်တံခါး မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေခဲ့ကြောင်း သိရသည်။

အထက်ပါ လုပ်ရပ်များအား ကျူးလွန်ခဲ့သူများအား ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံ ခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here