စီးပွားရေးပူးပေါင်းမှုချဲ့ထွင်ရန်တရုတ်သမ္မတနှင့်ရုရှားဝန်ကြီးချုပ်တို့သဘောတူညီခဲ့ကြ

0
278

ပေကျင်း၊ဒီဇင်ဘာ ၂၀

တရုတ်သမ္မတရှီနှင့် ရုရှားဝန်ကြီးချုပ်တို့သည် ဗုဒ္ဓဟူးနေ့က ပေကျင်း၌တွေ့ဆုံစဉ် နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအား ပိုမိုတိုးချဲ့ရန်သဘောတူခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှသိရသည်။

တရုတ်နှင့်ရုရှားတို့၏ နှစ်စဉ်ကုန်သွယ်မှုပမာဏအားဒေါ်လာ ဘီလျံ ၂၀၀ အထိ မြှင့်တင်မည့်ရည်မှန်းချက်သည် အောင်မြင်ခဲ့ကြောင်း ရှီကဆိုကာ ၎င်းတို့နှစ်နိုင်ငံ၏ “အဆင့်မြင့်နိုင်ငံရေးဆက်ဆံမှု” ကို ပိုမိုမြှင့်တင်ရန်၊ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကိုပါ ပူးတွဲမြှင့်တင်ရန်ဆန္ဒရှိကြောင်း ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။

ရုရှားနှင့်ခိုင်မာသောစီးပွားရေးဆက်ဆံမှုရှိသည့်တရုတ်နိုင်ငံသည် ယူကရိန်းအရေးနှင့်ပတ်သက်၍ ရုရှားအပေါ်ချမှတ်ထားသည့်အနောက်အုပ်စု၏ ပိတ်ဆို့ဒဏ်ခတ်မှုများကိုဂရုမထားခဲ့ပေ။

၎င်းတို့နှစ်နိုင်ငံ၏အားကောင်းသောပူးပေါင်းဆောင်ရွက်မှုကြောင့် ရုရှားအပေါ်ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများအသုံးမဝင်ဖြစ်လာပြီး ယူကရိန်းအရေးအတွက် ရုရှားသို့အထောက်အပံ့ဖြစ်သွားမည်ကိုလည်းစိုးရိမ်လျက်ရှိကြသည်။

စီးပွားရေး၊ကုန်သွယ်ရေးနှင့် စွမ်းအင်ကဏ္ဍများတွင် ရုရှားသည် တရုတ်နိုင်ငံနှင့်ပိုမိုပူးပေါင်းဆောင်ရွက်သွားရန်ဆန္ဒရှိကြောင်း ရုရှားဝန်ကြီးချုပ်က တရုတ်ခေါင်းဆောင်အားပြောကြားခဲ့သည်ဟု ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။

တရုတ်နိုင်ငံသို့ နှစ်ရက်ကြာလာရောက်လည်ပတ်ခဲ့သည့် ရုရှားဝန်ကြီးချုပ်သည် နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှုများတိုးမြှင့်ရန်နှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန် တရုတ်ဝန်ကြီးချုပ်လီခါ့ချန်နှင့် သဘောတူခဲ့ကြောင်းလည်းတရုတ်ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။

Source : နစ်ကေးအေးရှား


LEAVE A REPLY

Please enter your comment!
Please enter your name here