ပြည်မြို့ (နှောကုန်းရွာထိပ်တွင်) ဆိုင်ကယ်နှင့် စက်ဘီးတို့ တိုက်မိမှုဖြစ်ပွားရာ စက်ဘီးနင်းလာသူ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရ ဆိုင်ကယ်မောင်းပြေး

0
219

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည် – ပေါက်ခေါင်းကားလမ်းမပေါ်ရှိ နှောကုန်းရွာထိပ်တွင် ဆိုင်ကယ်နှင့် စက်ဘီးတိုက်မိခဲ့ရာမှ စက်ဘီးနင်းလာသူ အမျိုးသား ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ဆိုင်ကယ်မောင်းသူမှာ ထွက်ပြေးသွားကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ သိရသည်။

ဒီဇင်ဘာ (၂၀) ရက် ည (၇) နာရီကျော် အချိန်ခန့်က ပြည် – ပေါက်ခေါင်း ကားလမ်းမ နှောကုန်းရွာထိပ်တွင် စက်ဘီးနှင့် ဆိုင်ကယ်တို့ တိုက်မိမှုဖြစ်ပွားခဲ့သည့်အတွက် လာရောက် ကူညီပေးရန် အကြောင်းကြားချက်အရ သွားရောက်ကူညီခဲ့ခြင်းဖြစ်သည်။

“စက်ဘီးတစ်စီးကို ဆိုင်ကယ်က ဝင်တိုက်မိတာ။ ဆိုင်ကယ်သမားက တိုက်ပြီးမောင်းပြေးသွားတယ်”ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ တာဝန်ရှိသူက ပြောသည်။

ထိုသို့ တိုက်မိမှုကြောင့် စက်ဘီးနင်းလာသူ အမျိုးသားမှာ ကျောပြင် ပုလင်းကွဲ ပြတ်ရှ၊ ဒူးပြတ်ရှ သွေ-းထွက် ဒဏ်ရာများရနေသဖြင့် အရေးပေါ် လိုအပ်သည့် ကုသမှုများ ဆောင်ရွက်ပေးကာ ဆေးကုသမှုခံယူရန်အတွက် ပြည်မြို့ ပြည်သူ့ဆေးရုံကြီး အရေးပေါ် ဌာနသို့ ပါရမီ (၃) ယာဉ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here