ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား လူ(၁၀)ဦး ထိခိုက်ဒဏ်ရာ ရရှိ

0
160

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၂၄/၅)တွင် ယနေ့ဒီဇင်ဘာ (၂၁) ရက်နံနက် (၇)နာရီ မိနစ်(၃၀) အချိန်ခန့်က ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ (၁၀) ဦးရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်သည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၂၄/၅)အနီး မောင်းနှင်လျက်ရှိသည့် Hijet ယာဉ်အား လာရားတူနောက်မှ မောင်းနှင်းလာသော Nissan Caravan ယာဉ်မှ ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
   
ယင်းယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် Hijet ယာဉ်ပေါ်ပါလာသည့် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၉)ဦး စုစုပေါင်း(၁၀)ဦး တို့ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သို့သော် Nissan Caravan ယာဉ်ပေါ်ပါ လာသည့် အမျိုးသား(၂)ဦးမှာ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရသူများကို ပြင်စည် 192 သူနာတင်ယာဉ်ဖြင့် နွားထိုးကြီးဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ် နေရာသို့ ပြင်စည်အမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
 


LEAVE A REPLY

Please enter your comment!
Please enter your name here