စာပေနှင့် အနုပညာမူပိုင်ခွင့် မှတ်ပုံတင်ခြင်းဆိုင်ရာကိုယ်စားလှယ်သင်တန်း (၈)ရက်ကြာပြုလုပ်မည်

0
265

လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ(၈)ရက်နေ့မှ (၁၅)ရက်နေ့အထိ စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်ခြင်းဆိုင်ရာကိုယ်စားလှယ်သင်တန်း ၁/၂၀၂၄ ကို (၈)ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအတွက် သင်တန်းသားများကိူ စတင်ခေါ်ယူနေပြီး၊ သင်တန်းအား နေပြည်တော်၊ ရုံးအမှတ် (၅၂)၊ မူပိုင်ခွင့်ဦးစီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက Virtual Online (Zoom Meeting)ဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

အဆိုပါ သင်တန်းတက်ရောက်လိုသူများကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၁၉)ရက်နေ့မှ (၂၆)ရက်နေ့အထိ လျှောက်လွှာလက်ခံဆောင်ရွက်သွားမည်ဖြစ်သည်။

သင်တန်းကြေးအား ကျပ်သုံးသိန်းသတ်မှတ်ထားပြီး၊ သင်တန်းတက်ရောက်ခွင့်ရသူများစာရင်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၂)ရက်နေ့ နှင့် (၃)ရက်နေ့တို့တွင် အသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

လျှောက်လွှာပုံစံအား ipd.gov.mm တွင် Download ရယူ၍ ipdtraining 2022@ gmail.com သို့ ပေးပို့လျှောက်ထားရမည် ဖြစ်ကာ ၊ သင်တန်းတက်ရောက်ခွင့်ရရှိမှုအား ipd.gov.mm တွင် ထပ်မံ ကြေညာမည်ဖြစ်သည်။

သင်တန်းအား အချိန်ပြည့် ပြီးဆုံးအောင် တက်ရောက်ရမည်ဖြစ်ပြီး အရည်အချင်းစစ် စာမေးပွဲကိုလည်း ဖြေဆိုရမည်ဖြစ်ပသည်။

သင်တန်းအား အချိန်ပြည့်ပြီးဆုံးအောင် တက်ရောက်၍ စာမေးပွဲအောင်မြင်သူများကိုသာ သင်တန်းဆင်းလက်မှတ် ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

စာပေနှင့်အနုပညာမူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်လိုသူ ပြည်တွင်းမှကိုယ်စားလှယ်များကို (နိုင်ငံ့ဝန်ထမ်းများမပါ) သင်တန်း တက်ရောက် ခွင့်ပြုမည် ဖြစ်ပြီး၊ အသေးစိတ် သိရှိလိုပါက ၀၆၇ – ၄၃၀၅၇၁ သို့ ဆက်သွယ်စုံစမ်းနိုင်‌ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here