မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း ကြည်လင်း ပြန်လည်ကစားသည့် Yangon Galaxy အသင်း ပထမဆုံးပွဲစဉ်တွင် အနိုင်ရရှိ

0
340

မြန်မာ့လက်ရွေးစင် ဘောလုံးကစားသမားဟောင်း ကြည်လင်းသည် မြက်ခင်းစိမ်းများဆီသို့ ပြန်လည်ဝင်ရောက်လာပြီး သူ၏အသင်းသစ်ဖြစ်သည့် Yangon Galaxy အသင်းနှင့် ပထမဆုံးပွဲစဉ်တွင် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

MNL II Promotion Amateur Tournament ရဲ့ ပွဲစဉ်အမှတ် (၄) အဖြစ် ယမန်နေ့ ညနေ (၃) နာရီ (၃၀) မိနစ်က ဗဟန်းမြက်ခင်းတုကွင်း၌ Takeo Strike အသင်းနှင့် Yangon Galaxy တို့ ယှဉ်ပြိုင်ကစားရာ Yangon Galaxy အသင်းမှ ၂ ဂိုး ၁ ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။

လက်ရွေးစင်ကစားသမားဟောင်း ကြည်လင်းသည် ဒုတိယပိုင်းမှ ဝင်ရောက်ကစားခဲ့သော်လည်း ယင်းဝင်ရောက်ကစားလာသည့်ကွင်းလယ်သည် ကစားကွက်အပေါ် လွှမ်းမိုးထားခဲ့နိုင်ခဲ့ကာ ဂိုးရရှိစေနိုင်မည့် အခွင့်အရေးတချို့အား ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

လူငယ်ကစားသမားများနှင့် ဝါရင့်ကစားသမားအချို့ကိုပေါင်းစပ်ဖွဲ့စည်းထားသည့် Yangon Galaxy FC အသင်း ပွဲဦးထွက်တွင် အနိုင်ရရှိသွားပြီဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here