တရုတ်အရပ်ဖက်သုံးဒရုံးများ ငလျင်ဒဏ်သင့်ဒေသတွင် အရေးပေါ်ကိစ္စများဆောင်ရွက်နေ

0
267

တနင်္လာနေ့ ညသန်းခေါင်ကျော်က တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Gansu ပြည်နယ် Jiishan ခရိုင်တွင် ရစ်ခတာစကေး ပြင်းအား ၆.၂ ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ပြီးနောက် တရုတ်နိုင်ငံမှထုတ်လုပ်ထားသော Wing Loong-2H အမျိုးအစား အရပ်ဘက်သုံး ဒရုံးများ ကို အရေးပေါ် ဆက်သွယ်ရေး ကိစ္စများ ကူညီထောက်ပံ့ရေးအတွက် ဖြန့်ကျက် နေရာချထားခဲ့သည်။

၎င်း ဒရုံးသည် ဝေဟင်မှဆက်သွယ်ရေးကွန်ရက်တစ်ခုထူထောင်ရန် ကူညီပေးပြီး အများသူငှာအတွက် ဆက်သွယ်ရေးရရှိစေခဲ့သည်။ ထို့အပြင် ငလျင်ဒဏ်သင့်ဒေသများမှနေ၍ အချိန်နှင့်တပြေးညီ ရုပ်ပုံများ၊ အသံနှင့် ဒေတာများကို ပေးပို့ကာ ကယ်ဆယ်ရေးလုပ်ငန်းများကို ပံ့ပိုးပေးပြီး ထိရောက်သော ကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီပေးလျှက်ရှိ သည်။

အဆိုပါ ဒရုံးများသည် ပျံသန်းချိန် နာရီ ၂၀ကျော်ကြာသည်အထိ ဆက်တိုက်ပျံသန်းကာ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းကို အထူးကူညီထောက်ပံ့ဆောင်ရွက်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here