(၃၆) ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲ ကျင်းပမည်

0
227

၁၃၈၅ ခုနှစ်၊ မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ် (၃၆) ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲကို ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ကန်တော့ပွဲကို ဒီဇင်ဘာလ (၂၄) ရက် (တနင်္ဂနွေနေ့)၊ နံနက် (၉) နာရီတွင် ရန်ကုန်မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်ကြီးစာပေပညာရှင်များနှင့် မြို့နယ်စာရေးဆရာအသင်းများ တက်ရောက်နိုင်ရေးအတွက် မြို့နယ်အသင်းဥက္ကဌ၊ အတွင်းရေးမှူးများသည် ဒီဇင်ဘာလ (၂၀)ရက် (ဗုဒ္ဓဟူးနေ့) မှ စ၍ အမှတ်(၁၇၃/၁၇၅)၊ (၇)လွှာ၊ ပန်းဆိုးတန်းလမ်း (အလယ်)၊ ကျောက်တံတားမြို့နယ်ရှိ မြန်မာနိုင်ငံစာရေးဆရာအသင်းရုံးတွင် ဖိတ်စာများထုတ်ယူနိုင်ကြောင်းလည်း အသိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here