ဂါဇာတွင် ၇ ရက်ကြာ အပစ်အခတ်ရပ်စဲရန် နှင့် ဓ-ားစာခံ ၄၀ ကို ပြန်လွှတ်ပေးရန် အစ္စရေး၏ကမ်းလှမ်းမှုကို ဟားမတ်စ်တို့ ပယ်ချ

0
282

ဂါဇာကမ်းမြှောင်တွင် တစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးနှင့် ဟားမတ်စ်အဖွဲ့ကဖမ်းဆီးထားသော အမျိုးသမီးများနှင့် ကလေ-းငယ်များ အပါအဝင် ဓ-ားစာခံ ၄၀ ခန့်ကို လွှတ်ပေးရန် အစ္စရေး အဆိုပြုချက်ကို ဟားမတ်စ်က ပယ်ချခဲ့ကြောင်း သိရသည်။

ဟားမတ်စ်တို့အနေဖြင့် အရေးပေါ် ဆေးကုသမှု လိုအပ်နေသော သက်ကြီးရွယ်အို အမျိုးသား ဓာ-းစာခံများကို ပြန်လွှတ်ပေးရန်နှင့် ထိုသို့လွှတ်ပေးခြင်းအပေါ် အပြန်အလှန်အားဖြင့် အစ္စရေးကလည်း ဂါဇာရှိ ဝေဟင်နှင့် မြေပြင်စစ်ဆင်ရေးများကို တစ်ပတ်ကြာ ရပ်နားမည်ဖြစ်ပြီး ကမ်းရိုးတန်းနယ်မြေအတွင်းသို့ အကူအညီများ တိုးမြှင့်ခွင့်ပြုမည်ဆိုသည့် အဆိုပြုချက်ကို ပယ်ချခဲ့ခြင်းဖြစ်ကြောင်း အီဂျစ်အာဏာပိုင်များကို ကိုးကား၍ Wall Street Journal က ရေးသားထားသည်။

သို့သော် အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ဟားမတ်စ်နှင့် ပါလက်စတိုင်းအစ္စလာမ္မစ် ဂျီဟတ်များ ညှိနှိုင်းမှုတွင် ပထမဆုံးအကြိမ် ပါဝင်ရန် စီစဉ်ထားသော အီဂျစ်ဖျန်ဖြေသူများက ပြောကြားသည်မှာ အလားအလာရှိသည့် သဘောတူညီချက်ကို မဆွေးနွေးမီ အစ္စရေးတို့သည် ကမ်းမြှောင်တွင် ထိုးစစ်ဆင်မှုများကို ခေတ္တရပ်ထားရမည်ဟု ဆိုသည်။

အစ္စရေးကလည်း ၎င်း၏ စစ်ရေးလှုပ်ရှားမှုကို ရပ်တန့်မည်မဟုတ်ကြောင်းနှင့် ယင်းကိစ္စသည် ဆွေးနွေးပွဲနှင့် မသက်ဆိုင်ကြောင်း တုန့်ပြန်ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here