EV အစီးရေ အကန့်အသတ်ဖြင့်သာ တင်သွင်းနေရသဖြင့် ရပ်တည်ရခက်ခဲဟုဆို

0
190

ပြည်တွင်း၌ EV အစီးရေ အကန့်အသတ်ဖြင့်သာ တင်သွင်းနေရသဖြင့် ရပ်တည်ရခက်ခဲနေကြောင်း ကားတင်သွင်းသူ ဒေါက်တာစိုးထွန်းက ပြောသည်။

“ပြည်ပကနေ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သတ်ပြီး ပြောထားတာမျိုး မရှိသေးဘူး။ အရေအတွက်က ကုမ္ပဏီ (၃၀) လောက်က အစီး ၁,၀၀၀ လောက် ခွင့်ပြုတယ်ဆိုတော့ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူလည်း လာမှာမဟုတ်ဘူး။ အစီးရေ သောင်းဂဏန်း၊ ၃ ၄ သောင်းလောက်မှ လာမှာ။ နိုင်ငံခြားလူမပြောနဲ့၊ ပြည်တွင်းက လူတောင်မှ ဒီအရေအတွက်နဲ့ ရပ်တည်ဖို့ မလွယ်ဘူး။ ကားအရောင်းပြခန်း (Showroom) တည်ဆောက်စရိတ်၊ ဘာနဲ့” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လျှပ်စစ်ကား(EV)နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခွင့်အပေါ် ကနဦးရှေ့ပြေးစီမံကိန်းကာလအဖြစ် ၂၀၂၃ ဇန်နဝါရီလမှ ဒီဇင်ဘာလ (၃၁) ရက်အထိ သတ်မှတ်ထားခြင်းဖြစ်သည်။

“ဝယ်လိုအားတော့ များတယ်။ ပေါက်စျေးကတော့ ကားအမျိုးအစားအလိုက် အများကြီး ရှိတာပေါ့။ ဝယ်လိုအားတော့ မြင့်တက်ပါတယ်။လက်ရှိကို စရံပေးထားတဲ့ ကားတွေတောင် မပေးနိုင်ကြသေးဘူး”ဟု ၎င်းက ပြောသည်။

ကနဦးစီမံကိန်း ကာလတွင် အစီးရေ ၃၀၀၀၀ တင်သွင်းမည်ဟု ပြောကြားထားသော်လည်း လက်ရှိတွင် အစီးရေ ၁၀၀၀ ဝန်းကျင်သာ တင်သွင်းရသေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here