၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်း ပြည်ပသို့ မြန်မာ့နှမ်း တန်ချိန်တစ်သိန်းခန့် တင်ပို့နိုင်ခဲ့

0
216

နှမ်းနက်ထက် နှမ်းဖြူက ဈေးကောင်း​နေ

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပဈေးကွက်သို့ မြန်မာ့နှမ်းတန်ချိန် တစ်သိန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။

မြန်မာ့နှမ်းကို တရုတ်အပါအဝင် ထိုင်း၊ ဂျပန်၊ စင်ကာပူ၊ ကိုရီးယား အစရှိသည့် နိုင်ငံများသို့ တင်ပို့ထားပြီး တရုတ်နိုင်ငံမှ ဝယ်လိုအားအများဆုံးဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့နှစ်မှာ တင်ပို့မှု ပမာဏမှာ တန်ချိန် တစ်သိန်းခန့်ရှိခဲ့ပြီး အများစုကိုတော့ တရုတ်နိုင်ငံကို တင်ပို့ခဲ့ပါတယ်”လို့ အသင်းတာဝန်ရှိသူက ပြောသည်။

မြန်မာနိုင်ငံတွင် ဆန်စပါးကို အဓိကထား စိုက်ပျိုးသည့်အပြင် ပဲ၊ ဆီထွက်သီးနှံများကိုလည်း စိုက်ပျိုးကြကာ ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်အတွင်း နှမ်းဧကပေါင်း ၃.၈၆ သန်းစိုက်ပျိုးခဲ့ပြီး တင်းပေါင်း ၃၀.၅၃ သန်းခန့် ထွက်ရှိခဲ့ကြောင်း သိရသည်။

ယခုနောက်ပိုင်း ဈေးကွက်အခြေအနေအရ ပြည်တွင်းမှ ထွက်ရှိသည့် ဆီထွက်သီးနှံများကို ပြည်တွင်း၌လည်း သုံးစွဲမှုများ ရှိလာပြီး လက်ရှိဈေးကွက်အတွင်း နှမ်းနက်ထက် နှမ်းဖြူက ဈေးကောင်းရရှိနေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here