ထိုင်းရောက် မြန်မာလုပ်သားများအတွက် သက်သေခံလက်မှတ် ထုတ်ပေးရေးစခန်း (၅) ခုနှင့် မိုဘိုင်းယူနစ် (၃) ခု ဖွင့်လှစ်မည်

0
237

ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေကြသည့် မြန်မာလုပ်သားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity-CI ) ထုတ်ပေးရေး စခန်း (၅) ခုနှင့် မိုဘိုင်းယူနစ် (၃) ခု ဖွင့်လှစ်မည်ဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံးနှင့် မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် CI စခန်း (၅)ခုနှင့် Mobile Unit (၃)ခုတို့ကို လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၄) ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

အဆိုပါ စခန်း (၅) ခုကို စမွတ်စခွန်၊ စမွတ်ပရာကန်၊ ချွန်ပူရီ၊ ပထုံဌာနီ၊ ဆူရတ်ဌာနီတို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး Mobile Unit စခန်း (၃)ခုကို ချင်းမိုင်၊ နခွန်စဝမ်မိုဘိုင်း၊ ဆုန်ခလာတို့တွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဇူလိုင် (၅)ရက်တွင် ထိုင်းအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ ထိုင်းအလုပ်ရှင်များမှ အမည်စာရင်းတင်သွင်းထားသည့် မြန်မာအလုပ်သမား ကိုးသိန်းခန့်ရှိကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနမှ စုစုပေါင်း အရာထမ်း၊ အမှုထမ်း (၄၀) နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း (၁၃) ဦးတို့ တာဝန်ထမ်းဆောင်နိုင်ရေး စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here