သုဝဏ္ဏ ဘောလုံးကွင်းရှေ့တွင် လမ်းကြိတ်စက်အား အိမ်စီးကားမှ အနောက်က ဝင်တိုက်ရာ အမျိုးသား တစ်ဦး ထိခိုက်ပြင်းထန်ဒဏ်ရာရ

0
195

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ဘောလုံးကွင်းရှေ့တွင် လမ်းကြိတ်စက်ယာဉ်အား အိမ်စီးကား တစ်စီးမှ အနောက်က ဝင်ရောက်တိုက်မိရာ ယာဉ်မောင်း ဘေး၌ လိုက်ပါလာသည့် အမျိုးသား တစ်ဦး ထိခိုက်ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း Medical လူငယ်များလူမှုကူညီရေးအသင်း(ရန်ကုန်)မှ သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ မိုးလုံလေလုံ ဘောလုံးကွင်းရှေ့ တံတားအတက်နားတွင် ဒီဇင်ဘာ (၂၁) ရက် ညပိုင်းက ယာဉ်တိုက်မှုသတင်းအရ အသင်းမှ သွားရောက်ခဲ့ခြင်းဖြစ်သည်။

“သုဝဏ္ဏမိုးလုံလေလုံဘောလုံးကွင်းရှေ့ တံတားအတက်နားမှာ လမ်းခင်းလုပ်ငန်းဆောင်ရွက်နေလို့ ရပ်ထားတဲ့ လမ်းကြိတ်စက်ကို အရှိန်ပြင်းစွာနဲ့ တိုက်မိပြီး ထိခိုက်လူနာရှိတယ်လို့ ဆက်သွယ်လာလို့ လမ်းကြောင်းအမှတ်စဉ် ကူညီမှု (၁)အနေနဲ့ သွားရောက်ကူညီခဲ့ပါတယ်။”ဟု အသင်းက ဆိုသည်။

ဖြစ်စဉ်နေရာအရောက် လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေသည့် ရပ်ထားသော လမ်းကြိတ်စက်ယာဉ်အား အိမ်စီးကားမှ အရှိန်ပြင်းစွာဖြင့် အနောက်မှ ဝင်တိုက်မိခဲ့ခြင်းဖြစ်ရာ ယာဉ်မောင်း ဘေး၌ လိုက်ပါလာသည့် အမျိုးသား တစ်ဦး ထိခိုက်ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ထိခိုက်ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် အမျိုးသား လူနာအား သင်္ဃန်းကျွန်း စံပြဆေးရုံသို့ ပို့ဆောင်ပြီး ထိုမှ တစ်ဆင့် မြောက်ဥက္ကလာ မေဓာဝီ ဆေးရုံသို့ အသင်းမှ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here