အာဆီယံ – ကင်ဘာရာ ကော်မတီ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် မလေးရှား သံအမတ်ကြီးက ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ တာဝန်ယူမည်

0
228

လာမည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ အာဆီယံ – ကင်ဘာရာ ကော်မတီအလှည့်ကျ ဥက္ကဋ္ဌအဖြစ် မလေးရှားသံအမတ်ကြီးမှ စတင်တာဝန်ယူဆောင်ရွက်မည်ဖြစ်သောကြောင့် လက်ရှိ ACC ဥက္ကဋ္ဌ လာအိုသံအမတ်ကြီးက လွှဲပြောင်းပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

အာဆီယံ-ကင်ဘာရာ ကော်မတီ အစည်းအဝေးနှင့် မလေးရှားသံရုံးသို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ရာထူး တာဝန်လွှဲပြောင်းသည့် အခမ်းအနားကို ဒီဇင်ဘာလ ၂၀ ရက်က ကင်ဘာရာမြို့ရှိ The Commonwealth Club ၌ ကျင်းပခဲ့ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဦးသက်ထွန်း တက်ရောက်ခဲ့ကြော င်း သိရသည်။

အစည်းအဝေးတွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှ ဒီဇင်ဘာလအတွင်း ACC အနေဖြင့် ဩစတြေးလျအစိုးရ တာဝန်ရှိသူများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် တွေ့ဆုံ၍ အာဆီယံနှင့် ဩစတြေးလျနိုင်ငံတို့အကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရေး ဆောင်ရွက်နိုင်ခဲ့ကြောင်း ဆွေးနွေးခဲ့သည်။

ထို့အပြင် အာဆီယံ အားကစားချစ်ကြည်ရေး Bowling ကစားပွဲနှင့် ASEAN Family Day အခမ်းအနားတို့အား ကျင်းပခဲ့ခြင်းနှင့် လာမည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၌ National Multicultural Festival တွင် ပါဝင် ကျင်းပသွားရေးတို့နှင့်စပ်လျဉ်း၍လည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်မည့် မလေးရှားသံအမတ်ကြီးထံ လာအိုသံအမတ်ကြီးက ရာထူးတာဝန်ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here