တရားမဝင် စက်သုံးဆီ ဂါလံ ၆၀၀၀၀ ကျော်ခန့် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃၅ သန်းကျော်)နှင့် ဆီတင်ယာဉ် (၁၁)စီးအား အရေးယူထား

0
203

မြန်မာနိုင်ငံ တစ်ဝှမ်း စက်သုံးဆီ တရားမဝင် သယ်ဆောင်ရောင်းချနေမှုများကို အရေးယူလျက်ရှိရာ တရားမဝင် စက်သုံးဆီ ၆၉၉၀၉ ဂါလံခန့် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃၅ သန်းကျော်)၊ စက်သုံးဆီသယ်ယူပို့ဆောင်ရာတွင် အသုံးပြုသည့် ဆီတင်ယာဉ် (Bowser) (၁၁) စီးအား အရေးယူနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ဝင်များ ပါဝင်သော ဌာနဆိုင်ရာပူးပေါင်းဖွဲ့များမှစက်သုံးဆီများ တရားမဝင် သယ်ဆောင်ရောင်းချနေမှုများကို စစ်ဆေးဖော်ထုတ်ဖမ်းဆီးလျက်ရှိရာမှ ရန်ကုန်တိုင်း ၊ မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်းတို့ရှိ မြို့နယ်အချို့တွင် ဒီဇင်ဘာလအတွင်း ဖမ်းဆီးရရှိခဲ့မှု ပမာဏဖြစ်ကြောင်း သိရသည်။

စုစုပေါင်း တရားမဝင် စက်သုံးဆီ(၆၉,၉၀၉)ဂါလန်ခန့် ခန့်မှန်းတန်ဖိုး ငွေကျပ် (၇၃၅သန်းကျော်)၊ စက်သုံးဆီသယ်ယူပို့ဆောင်ရာတွင် အသုံးပြုသည့် ဆီတင်ယာဉ် (Bowser) ၁၁ စီးနှင့် တရားမဝင်လိုင်စင်မဲ့ စက်သုံးဆီသိုလှောင်ကန်များအပါအဝင် ဖြန့်ဖြူးရောင်းချရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရရှိမိခဲ့၍ သက်ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး မြို့နယ်အချို့ရှိ စက်သုံးဆီအရောင်းဆိုင် (၁၆) ဆိုင်က စက်သုံးဆီရှိလျက် ရောင်းချမပေးခြင်း၊ ခွင့်ပြုချက် မရဘဲ ဆီသယ်ယာဉ်(Bowser)ဖြင့် အခြားနေရာများသို့ သယ်ယူပို့ဆောင်ခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းများ ဆောင်ရွက်ခဲ့သောကြောင့် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ စီမံခန့်ခွဲရေးနည်းလမ်းအရ သတ်မှတ်ဒဏ်ကြေးတပ်ရိုက်ခြင်း၊ လိုင်စင်ကို ကာလအကန့်အသတ်ဖြင့်ရပ်ဆိုင်းပြီး စက်သုံးဆီအရောင်းဆိုင်ကို ယာယီပိတ်သိမ်းခြင်းများ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တိုင်းဒေသကြီး/ပြည်နယ်များတွင် တရားမဝင်စက်သုံးဆီသိုလှောင်သယ်ယူဖြန့်ဖြူးရောင်းချမှုများ ပပျောက်စေရန် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ပူးပေါင်းဖွဲ့များမှ စစ်ဆေးဖော်ထုတ်လျက်ရှိသည့်အတွက် ပြည်သူများအနေဖြင့်လည်း တရားမဝင် စက်သုံးဆီ သိုလှောင်သယ်ယူဖြန့်ဖြူး ရောင်းချမှုများနှင့် ပတ်သက်၍ သတင်းရရှိပါက တ ရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များနှင့် သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့များသို့ သတင်းပေးပို့တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here