ချက်နိုင်ငံတွင် ‌ေ-သနတ်သမားတစ်ဦးက ဖခင်ကိုပ-စ်သ-တ်ပြီး တက္ကသိုလ်တစ်ခုမှာထပ်မံပ-စ်ခတ်မှုကြောင့် လူ ၁၄ ဦး ‌ေ-သဆုံး ၊၄င်း၏လသားအရွယ်သ-မီးကိုပါသ-တ်ခဲ့ကြောင်းသံသယရှိ

0
124

ချက်သမ္မတနိုင်ငံမှာ ဒီဇင်ဘာ ၂၁ ရက်က အသက် ၂၄ နှစ်အရွယ် ကျောင်းသားတစ်ဦးဟာ ဖခင်ဖြစ်သူကို ပစ်သ-တ်ပြီးနောက် ပရာ့ဂ်မြို့ရှိ သူ့တက္ကသိုလ်သို့သွားရောက်ကာ ပ-စ်ခတ်မှုလုပ်ခဲ့တာကြောင့် လူ ၁၄ ဦး ‌ေ-သဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ တိုင်းပြည်ရဲ့ အဆိုးဝါးဆုံး လူအစုလိုက် ပစ်သ-တ်ခံရမှုမှာ ‌ေ-သနတ်သမားကိုယ်တိုင်ဟာလည်း သူ့ကိုယ်သူ သ-တ်‌ေ-သသွားတယ်လို့ ယူဆကြောင်း ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။

ဒီဖြစ်စဉ်အတွက် သမ္မတ ပက်ရ်ပါဗယ်က အစိုးရအဖွဲ့အထူးအစည်းအဝေးလုပ်ခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်နေ့ကို ‌ေ-သဆုံးခဲ့သူတွေအတွက် အောက်မေ့ဖွယ်အဖြစ် ဗဟိုဥရောပနိုင်ငံတစ်ဝန်း ဝမ်းနည်းပူဆွေးဖွယ်နေ့အဖြစ် အစိုးရက သတ်မှတ်ကြေညာခဲ့ပါတယ်။

ပရာ့ဂ်မြို့လယ် ချားလ်စ်တက္ကသိုလ်ရဲ့ ဒဿနိကဗေဒဌာန အဆောက်အအုံမှာ ပ-စ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ‌ေ-သနတ်သမားဟာ ယင်းတက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်တယ်လို့ ပရာ့ဂ်ရဲချုပ် မာတင် ဗန်ဒရာဆက်က ပြောဆိုပါတယ်။ ‌ေ-သနတ်သမားဟာလည်း ‌ေ-သဆုံးခဲ့ပြီး သူ့ရဲ့ အမည်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

‌ေ-သဆုံးခဲ့သူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေနဲ့ ပစ်ခတ်မှုဖြစ်ရတဲ့ အကြောင်းရင်းကို ရဲက ထုတ်ပြန်အသိပေးခြင်း မရှိသေးပါဘူး။ စုံစမ်းစစ်ဆေးသူတွေအနေနဲ့ ဖြစ်စဉ်ဟာ အစွန်းရောက်အတွေးအခေါ် ဒါမှမဟုတ် ယင်းအုပ်စုတွေနဲ့ ချိတ်ဆက်မှုရှိတဲ့ သံသယမျိုး မတွေ့ရှိရဘူးလို့ ပြည်ထဲရေးဝန်ကြီး ဗစ်ရာကူဆန်က ပြောဆိုပါတယ်။

‌ေ-သနတ်သမားဟာ ဒီဇင်ဘာ ၂၁ ရက်အစောပိုင်းက ပရာ့ဂ်မြို့နဲ့ အတန်ငယ်သာဝေးတဲ့ ၎င်းနေထိုင်ရာ ဟော့စ်တန်မြို့နေအိမ်မှာ ဖခင်ဖြစ်သူကို သ-တ်ဖြ-တ်ခဲ့တယ်လို့ ရဲက ယူဆထားကြောင်း ဗန်ဒရာဆက်က ပြောပါတယ်။ ဒါ့အပြင် ၎င်းဟာ သူ့ကိုယ်သူလည်း သ-တ်‌ေ-သဖို့ ကြံစည်ထားသူဖြစ်တယ်လို့ ဗန်ဒရာဆက်က အကြောင်းရင်းတိတိကျကျမပါဝင်ဘဲ ပြောဆိုခဲ့ပါတယ်။

ကြာသပတေးနေ့နှောင်းပိုင်းမှာ ‌ေ-သနတ်သမားရဲ့ နေအိမ်ကို ရှာဖွေစစ်ဆေးခဲ့မှုအရ ၎င်းဟာ ဒီဇင်ဘာ ၁၅ ရက်က ပရာ့ဂ်မြို့မှာ အခြား အမျိုးသားတစ်ဦးနဲ့ ၎င်းရဲ့ ၂ လသားအရွယ် သ-မီးငယ်ကိုလည်း သ-တ်ဖြ-တ်ခဲ့တယ်လို့ သံသယရှိကြောင်း ဗန်ဒရာဆက်က ပြောဆိုခဲ့ပါတယ်။

‌ေ-သနတ်သမားဟာပြစ်မှုမှတ်တမ်းမျိုးလည်း မရှိဘဲ ထူးချွန်ကျောင်းသားတစ်ယောက်ဖြစ်တယ်လို့ ရဲချုပ်က ပြောဆိုပေမယ့် အခြား သတင်းအချက်အလက်တွေကိုတော့ ထုတ်ပြောခဲ့ခြင်း မရှိပါဘူး။

ကျူးလွန်သူဟာ လက်နက်အများအပြားကို တရားဝင်ပိုင်ဆိုင်ထားသူဖြစ်ပြီး ကြာသပတေးနေ့က ၎င်းဟာ ‌ေ-သနတ်တွေနဲ့ ခဲယမ်းကျည်အမြောက်အများ သယ်ဆောင်သွားကာ ကြောက်မက်ဖွယ်ပြစ်မှုကို ကျူးလွန်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုခဲ့ပါတယ်။

Ref: The Straits Times/ AP


LEAVE A REPLY

Please enter your comment!
Please enter your name here