ပြည်ပမှ သွင်းကုန်တင်သွင်းမှု ကန်ဒေါ်လာ သန်း ၆၀၀ ကျော်လျော့

0
179

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပမှ သွင်းကုန်တင်သွင်းမှုကန်ဒေါ်လာ သန်း ၆၀၀ ကျော်လျော့ကျသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းအချက်အလက်များအရ သိရသည်။

ဘဏ္ဍာနှစ် အစဖြစ်သည့် ဧပြီလ (၁) ရက်မှ ဒီဇင်ဘာလ (၈) ရက်အထိ ပြည်ပမှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၂၇ ဘီလီယံကျော်တန်ဖိုးရှိ သွင်းကုန်ပစ္စည်းများကို တင်သွင်းခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၉ ၄ ဘီလီယံကျော် ပြည်ပမှ ကုန်ပစ္စည်းများ တင်သွင်းခဲ့ပြီး ကာလတူ နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၆၆၃ ဒသမ ၇၆၄ သန်းလျော့နည်းသွားကြောင်း သိရသည်။

ပြည်ပမှ အဓိကသွင်းကုန်အဖြစ် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်းနှင့် CMP ကုန်ကြမ်းများကို တင်သွင်းခြင်း ဖြစ်သည်။

ထို့ပြင် နယ်စပ်မှတင်သွင်းသည့် သွင်းကုန်ပစ္စည်းအများစုသည် တင်သွင်းမှုကျဆင်းလျှက်ရှိသည်။

ကုန်သွယ်မူလိုငွေပြနေခြင်းမဖြစ်ရန် သွင်းကုန်များထက် ပို့ကုန်များကို ဦးစားပေးနေကာ နိုင်ငံခြားငွေသုံးစွဲရာတွင်ခြိုးခြံလျှက်ရှိပြီး ပြည်တွင်းထုတ်များ(SME)ကို အားပေးမြှင့်တင်လျှက်ရှိနေသည်ကိုတွေ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here