ဂါဇာမြောက်ပိုင်းတွင် လူနာများကုသရန် ဆေးရုံတစ်ရုံမျှ မကျန်တော့ဟု WHO ပြော

0
186

အစ္စရေးနိုင်ငံသည် ဆေးဘက်ဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထား၍ တိုက်ခိုက်လျှက်ရှိပြီး၊ လောင်စာဆီ၊ ဝန်ထမ်းများနှင့် ထောက်ပံ့ရေးပစ္စည်းများ ပြတ်လပ်မှုကြောင့် ဂါဇာကမ်းမြှောင် မြောက်ပိုင်းတွင် လူနာများကုသရန် အကောင်းပကတိဆေးရုံဟူ၍ တစ်ခုမျှ မကျန်တော့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ပြောကြားသည်။

ထို့ကြောင့် ဂါဇာကမ်းမြှောင် နယ်မြေ၏မြောက်ဘက်ရှိ ဆိုးရွားစွာပျက်စီးနေသော ဆေးရုံနှစ်ရုံဖြစ်သည့် al-Shifa နှင့် Ahli တို့အတွက် ပြန်လည်ကယ်ဆယ်ရေးမစ်ရှင်များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဦးဆောင်၍ ကူညီပေးခဲ့ကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ဂါဇာကမ်းမြှောင်ရှိ ဆေးရုံများတွင် လူသားချင်းစာနာစိတ်အရ မည်သို့မျှ သည်းခံနိုင်ဖွယ်ရာမရှိသော မြင်ကွင်းများကို တွေ့ရှိရကြောင်း၊ အစာနှင့်ရေ တောင်းရမ်းနေသော စွန့်ပစ်လူနာများကိုလည်း များစွာ တွေ့ရှိရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။

လက်ကျန်လူနာများနှင့် ကျန်းမာရေးလုပ်သားများ ရင်ဆိုင်နေရသော ဘေးဒုက္ခအခြေအနေများကို ဖော်ပြရန် ကျွန်ုပ်တို့၏ဝန်ထမ်းများတွင် စကားလုံးများ ရှားပါးနေပြီဟု သိမ်းပိုက်ခံထားရသော ပါလက်စတိုင်းနယ်မြေအတွက် WHO ကိုယ်စားလှယ် Richard Peeperkorn က ပြောကြားသည်။

ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးတွင် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ ၃၆ ခုအနက် ကိုးခုသာ တစ်စိတ်တစ်ပိုင်း လည်ပတ်နိုင်ကြောင်း WHO က ဆိုသည်။

“မြောက်ဘက်မှာ အလုပ်လုပ်နိုင်တဲ့ ဆေးရုံတွေ မရှိတော့ပါဘူး” ဟု ပါလက်စတိုင်းနယ်မြေအတွက် WHO ကိုယ်စားလှယ် Richard Peeperkorn က ဂျေရုဆလင်မှ ဗီဒီယိုမှတစ်ဆင့် သတင်းထောက်များအား ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here