အရေးပေါ်အခြေအနေများအတွက် လူမှုကူညီရေးအသင်းများထံ အကူအညီတောင်းခံနိုင်မည့် “Ku Nyi” အက်ပလီကေးရှင်း

0
247

အရေးပေါ်အခြေအနေများအတွက် လူမှုကူညီရေးအသင်းများထံ အကူအညီတောင်းခံနိုင်မည့် “Ku Nyi” အက်ပလီကေးရှင်းကိုဖန်တီးရေးဆွဲထားကြောင်း Humanity & Inclusion (HI) အဖွဲ့ ထံမှ သိရသည်။

အရေးပေါ် အခြေအနေတွင် ထိခိုက်လွယ်အုပ်စုများအား အသက်ကယ်ဆယ်ရန်အတွက် အရေးပေါ်တုံ့ပြန်ကူညီသူများအကြား ကွန်ရက်ချိတ်ဆက်မှုကို ပိုမိုအားကောင်းလာစေရန်၊ အရေးပေါ်တုံ့ပြန်မှုကိုမြှင့်တင်ရန်၊ ဆက်သွယ်ရေးပိုမိုကောင်းမွန်လာစေရန် ၊ ကျန်းမာရေး ဝန်ဆောင်မှုပေးသူများ နှင့် ဝန်ဆောင်မှုရယူလိုသူများအတွက် ရည်ရွယ်ပြီး ပိုမိုထိရောက်ပြီးအသုံးပြုရလွယ်ကူသော “Ku Nyi” မိုဘိုင်း အက်ပလီကေးရှင်းကို Humanity & Inclusion (HI) အဖွဲ့၏ ဆေးရုံအခြေပြု ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး စီမံချက် SHI မှ ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အက်ပလီကေးရှင်းတွင် ရန်ကုန်နှင့် မန္တလေးရှိ ပရဟိတ လူနာတင်ယာဉ် ဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းများ၊ အခမဲ့ကုသိုလ်ဖြစ်ဆေးခန်းများနှင့် ပြန်လည်ထူထောင်ရေး စင်တာများ၏ အရေးပေါ်ဆက်သွယ်ရန်နံပါတ်များ ပါဝင်ပြီး ၃၆ လတာ စီမံချက်ဖြင့် German Federal Ministry of Economic Cooperation and Development – BMZ မှ ရန်ပုံငွေ ပံ့ပိုးကူညီပေးထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် အက်ပလီကေးရှင်း၏ Android ဗားရှင်းကို Google Play Store : https://shorturl.at/pALX0 နှင့် https://shorturl.at/xDMO2 တို့တွင် ရရှိနိုင်ပြီး iOS ဗားရှင်းသည် မကြာမီထွက်ရှိလာမည်ဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here