အပစ်အခတ်ရပ်စဲရေးဆွေးနွေးစဉ်ပင် အစ္စရေးက ဂါဇာကိုအရှိန်မြှင့်တိုက်ခိုက်၊ ဟားမတ်စ်ဘက်ကလည်းဒုံးကျည်များဖြင့်ပစ်ခတ်ခဲ့ဟုဆို

0
194

ဂါဇာ၊ဒီဇင်ဘာ ၂၂

အစ္စရေးနှင့်ဟားမတ်စ်တို့သည် အပစ်အခတ်ရပ်စဲရေးညှိနှိုင်းနေသည့်ကြားမှပင် အစ္စရေးက ဂါဇာသို့လေကြောင်းတိုက်ခိုက်မှုပိုမြှင့်လာသကဲ့သို့ ဟားမတ်စ်တို့ကလည်း ဒုံးကျည်များဖြင့် အစ္စရေးစီးပွားရေးမြို့တော် တဲလဗီ အားပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုသိရသည်။

အစ္စရေး၏တိုက်ခိုက်မှုများတွင် အရပ်သားပြည်သူများသာအဓိကအထိနာခဲ့ရာ ဟားမတ်စ်တို့က အမြှောက်များ၊ဒုံးကျည်များဖြင့်လက်တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေးဆွေးနွေးရန် ကိုင်ရိုသို့ရောက်နေသည့် ဟားမတ်စ်ခေါင်းဆောင်ကမူ ယခုတိုက်ခိုက်မှုသည် သီတင်းပတ် ၁၁ ပတ်ကြာသည်အထိ ၎င်းတို့စစ်သွေးကြွအဖွဲ့၏ တိုက်ခိုက်မှုစွမ်းရည်ကိုထိခိုက်အောင်မလုပ်နိုင်သေးသည်ကိုပြနေသည်ဟုလည်းဆိုခဲ့သည်။

အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကလည်း ဟားမတ်စ်စစ်သွေးကြွအဖွဲ့ကို အလုံးစုံပျက်စီးသည်အထိ တိုက်ခိုက်သွားရန်ကတိပြုခဲ့သည်။

ယနေ့အထိနှစ်ဖက်တိုက်ပွဲများကြောင့် ဂါဇာဒေသခံပေါင်း ၂၀,၀၀၀ ကျော်‌ေ-သဆုံးခဲ့ပြီး များစွာသောရုပ်အလေ-ာင်းများသည် အဆောက်အအုံပျက်များအောက်တွင်ပိတ်မိနေပြီး ဂါဇာဒေသခံပေါင်း ၂ ဒသမ ၃ သန်းနီးပါးသည် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရကြောင်းလည်း ဂါဇာကျန်းမာရေးဌာန၏ထုတ်ပြန်ချက်အရသိရသည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here